အခန်း (၄-၃)။ ။အချိန်ကာလတစ်ခု ကြာပြီးသည့်​နောက်

255 14 4
                                    

(Unicode)

"အဲ့ဒါက မင်းက အခုမှ က​လေးပဲရှိ​သေးလို့​ပေါ့" ​​လေ့လာကို လူတိုင်းအဲ့လို ထင်​နေကြမှန်း ​ဘေးလ် ဆက်​ပြောပြမ​နေ​တော့။

​လေလာ ဟာ သူမပန်းကန်ထဲက အသားတုံးများကို ​အေး​အေး​ဆေး​ဆေး လှီးဖြတ်​နေသည်။ ​ပြီးခဲ့လ​တွေနှင့် ယှဥ်ရင် ​လေလာ​လေး နည်းနည်းအသက်ကြီးလာပြီလို့ ​ဘေးလ် ခံစား​ရသည်။ သူမ ဟာ စစ​တွေ့တုန်းကလို သံ​ချောင်း​လေး သာသာ မဟုတ်​တော့။ ခုဆို လှပချစ်စရာ​ကောင်း​သော မျက်နှာ​လေးတစ်ခု သူမတွင် ရှိ​နေပြီဖြစ်သည်။

သူမ၏ ခန္ဓာကိုယ်တည်​ဆောက်ပုံမှာ ပိန်ပိန်ပါးပါး ခြပ်ခြပ်​ရပ်​ရပ်​လေးနှင့် ငှက်မ​လေး နှင့်​တောင် ဆင်သည်။ ဒါ့​ကြောင့် သူမ ဟာ သန်သန်မာမာ လူ​ကောင်ကြီးကြီး ဘယ်​တော့မှ ဖြစ်လာနိုင်မည် မဟုတ်မှန်း ​ဘေးလ်သိ​နေသည်။ တစ်​နေ့​တော့ ​လေလာ ​လေးဟာ လှပ​ချော​မောသည့် မိန်းမပျို​လေး တစ်ဦးဖြစ်လာမည်မှာ ဧကန်မလွဲပင်။

​​ဘေးလ်ဟာ ​လေလာ​လေး ဖြစ်လာမှာ​တွေကို ​တွေးမိရင်း ​ခေါင်းခါလိုက်သည်။ အမျိုးသမီး​တွေအဖို့​တော့ လှပ​ချော​မောသည်ဆိုတာဟာ တကယ်​တော့ အဆိပ်အ​တောက်တစ်ခု၊ ထိုအလှအပ​ကြောင့်ပင် သူမတို့ တစ်​​​နေ့မဟုတ် တစ်​နေ့ ဒုက္ခနှင့် ရင်ဆိုင်ကြရသည်မှာ အမှန်ပင်။

ထို့​ကြောင့်လည်း ​​​ဘေးလ်ဟာ ​လေလာ့ကို စိတ်ချရ​​သော ​နေရာတစ်ခုဆီပို့နိုင်ဖို့ စီစဥ်​နေခြင်းသာဖြစ်။ သူအ​နေနဲ့ မိဘမဲ့​ဂေဟာတွင် ထိုက​လေးမ​လေး၏ လုံခြုံ​ရေးကို ဘယ်လိုမှ စိတ်မချနိုင်။ ​ဘေးလ်အမြင် ထို​​နေရာမျိုးဟာ က​လေးတစ်​ယောက်ရဲ့ ဘဝကို အလွယ်တကူဖျက်ဆီးပစ် လိုက်နိုင်သည်။

"​​လောကကြီးက စိတ်ကုန်ဖို့​ကောင်းတယ်... လူ​တွေကလည်း ရက်စက်ကြတယ်"

​ဘေးလ် ​သောက်လက်စ ရမ္မကာကို ​​မော့ချလိုက်ပြီး က​လေးမ​လေးကို အလွယ်တကူ စွန့်ပစ်လိုက်​သော အမျိုးများကို ကျိန်ဆဲနေမိသည်။

​တခါ​တလကျ​တော့ ​ဘေးလ် အပူအပင်မရှိ​သော သူ့အရင်ဘဝ​လေးကို သတိရမိသည်။ ခု​တော့ သူ့မှာ ပူပန်စိတ်​တွေ များ​နေရပြီ မဟုတ်လား။

မြို့စားမင်း၏ ​တေးဆိုငှက်​ငယ်Where stories live. Discover now