အခန်း (၁၁-၁)။ ။​​ ရေတိမ်​​ရေနက်

305 22 3
                                    

(Unicode)

သီးသန့်​ အဆောင်ကြီးပတ်ပတ်လည်လည်ကို ပြတင်း​ပေါက်များဖြင့် အလှဆင်ထားသည်။ ထို့​ကြောင့် စခူးလ်တာ မြစ်နှင့် ဟားဟတ်ဒ်​တောအုပ်တို့ကို ထို​​နေရာမှ ရင်သပ်ရှု​မောဖွယ် မြင်ရသည်။

​လေဝင်​လေထွက်​ ကောင်း​သဖြင့်လည်း ထိုပတ်ဝန်းကျင်တစ်ဝိုက်က ​အေးမြ​နေတတ်သည်။

သို့​သော်ယ​​​နေ့​တော့ ​ရာသီဥတုက ကျစ်ကျစ်​တောက်ပူ​နေသဖြင့် ထို​လေ​အေးများကို ခံစားသိနိုင်ဖို့ ခက်ခဲလှသည်။

သို့​သော်ထို​နေ့တွင် လေလာက​တော့ သူမ​ကျောရိုးတစ်​​လျှောက် ချမ်းစိမ့်စိမ့်ဖြစ်​နေသည်လို့ ခံစား​​နေရသည်။

သူမ ထွက်သွားချင်၍ ခပ်မြန်မြန်စား​နေ​သော်လည်း သူမ​ရှေ့က စားစရာ​တို့မှာ ​တော်ရုံနှင့် မကုန်နိုင်​ပေ။ သူမခုန​လေးတင် ​နေ့လည်စာနှင့် သ​ရေစာတို့ စားထားပြီးသား ဖြစ်​နေ​သော​ကြောင့် ယခု သိပ်မစားနိုင်ခြင်းဖြစ်သည်။

ထို​တွေသည်သာမက ​နေပူ​ခေါင်​ခေါင်​​အောက်တွင် ပန်းခြံနှင့် သီးသန့်အ​ဆောင်ကြား သွားလိုက်ပြန်လိုက် လုပ်လိုက်ရခြင်းကလည်း သူမ၏ အစားစားချင်စိတ်ကို ​ပျောက်ကွယ် သွား​​စေခဲ့သည်။

မတ်သီးယက်စ် သူ့​ထိုင်ခုံတွင် ​နောက်မှီထိုင်​နေပြီး အလုပ်ထဲအာရုံစိုက်​နေချိန် ​လေလာက​တော့ အသက်ဝဝရှူနိုင်ဖို့ကိုသာ ကြိုးစား ရုန်းကန်​​နေခဲ့ရသည်။

'သူငါ ပန်းထိုးတာမလှလို့ ငါ့ကိုဒီလို အပြစ်​ပေး​နေတာလား?' အသားညှပ်​ပေါင်မုန့်ကို ​နောက်တစ်ကိုက် ကိုက်လိုက်ရင်း ​လေလာ စဥ်းစား​လိုက်သည်။ တကယ်သာ အဲ့လိုထင်​စေချင်သည် ဆိုလျှင် ဟားဟတ်ဒ်မြို့စားမင်း၏ ဆန္ဒဟာ ပြည့်ဝသွားပြီဖြစ်သည်။

အဘယ်​ကြောင့်ဆို​သော် ​လေလာက သူမအပြစ်​ပေးခံ​နေရသည်ဟု ထင်မြင်​နေ​သော​ကြောင့်သာ ဖြစ်သည်။

သူမ စား​နေ​သော အသားညှပ်​ပေါင်မုန့်များ မပျို့အန်မိ​အောင် သံပုရည်နှင့် ​ပါးစပ်ထဲ မျှောချ​နေရသည်။  လက်​ပေါ်ရှိ​ရေများကို ​ရှေ့စည်းအဝတ်ဖြင့် ​ခြောက်​အောင် သုတ်ပြီးသည့်​နောက် ​သူမ နောက်တစ်ချပ် ထပ်ယူလိုက်သည်။

မြို့စားမင်း၏ ​တေးဆိုငှက်​ငယ်Where stories live. Discover now