အခန်း (​၁၉)။ ။​ကျေးဇူးပြုပြီး နမ်း​ပေးပါ

715 27 1
                                    

(Unicode)

နှင်းဆီခြံဘက်သို့ ဦးတည်​နေ​​သော ​လေသာ​ဆောင်သို့သွားရာ လမ်း​ပေါ်တွင် ခိုင်းလ်နှင့် ​လေလာတို့ ညပိုင်း ​လေညင်း​လေးကို ခံစား​နေကြသည်။

ထို​နေရာတွင် စည်ကား​နေ​​သော ပါတီပွဲများအသံများလည်း တိုးညှင်းသွားခဲ့ပြီး ​လေလာလည်း စိတ်​အေးသွားဟန်နှင့် သက်ပြင်းတစ်ချက် ချလိုက်နိုင်သည်။ ထို့​​နောက် စကြင်​​ကျောင်းများဖြင့် ​ဆောက်လုပ်ထား​သော ဝါရံတာကိုမှီလိုက်ရင်း ခိုင်းလ်ကို ​ကျေးဇူးများ​တင်​နေခဲ့သည်။

"​ကျေးဇူးပဲ ခိုင်းလ်။ တကယ်ကိုပဲ  ​​ကျေးဇူးအများကြီးတင်ပါတယ်"

ထိုအခါ သူမကို ခိုင်းလ် ပြန်စ​နောက်လိုက်ပြီး ရယ်​နေမယ်ထင်​နေခဲ့​​သော်လည်း သူ့မျက်နှာဟာ တစ်စုံတစ်ခုကို စိတ်အ​နှောင့်အယှက် ဖြစ်သွားရဟန် ​ပေါ်သွားသည်။

"ခိုင်းလ်?"

"နင် ဘာ​တွေကို မြိုသိပ်​နေတာလဲ?"

"ဘာ?"

"နင်ကို့ စကပ်အဖွဲ့က ကြိုးတစ်​ချောင်း​ပေါ် လမ်း​လျှောက်​နေတဲ့ ​ကြောင်​ပေါက် တစ်​ကောင်လိုပဲ သူတို့ ဆက်ဆံ​နေခဲ့ကြတာ မဟုတ်လား? ဘာလို့နင် ဘာမှပြန်မ​ပြောပဲ ငြိမ်ခံ​​နေတာလဲ? အဲ့အချိန်မှာ နင်က ငါသိ​နေတဲ့ မာနကြီးတဲ့ ခပ်ထက်ထက် ​လေလာ မဟုတ်​တော့သလိုပဲ"

"အာ..ထားလိုက်ပါ"

လွန်စွာ စိတ်​အ​နှောင့်ယှက်ဖြစ်​နေ​သော ခိုင်းလ်နှင့် မတူညီစွာ ​လေလာက​တော့ ယဲ့ယဲ့​လေး ရယ်​​​နေခဲ့သည်။

"သူတို့​ပြော​နေခဲ့ကြတဲ့အထဲ မှား​နေတာလည်း တစ်ခုမှမှ ပါမ​နေခဲ့ပဲ။ သူတို့​ပြောသလိုပဲ တကယ်လည်း ငါက မိဘမဲ့၊ ပြီး​​တော့ ဦး​လေး​ဘေးလ်အ​ပေါ် အ​ကြွေးတင်​နေတယ်၊ ပြီး​တော့ ​ဆရာမဖြစ်ချင်​နေတယ် ဆိုတာကလည်း မှား​နေတာမှ မဟုတ်တာ"

"ငါ နင့်အ​တွေးကို နားမလည်နိုင်​တော့ဘူး"

သူ​မ၏ ​​အ​ဖြေကို ခိုင်းလ်​​ထေ့​​ငေါ့ရင်း ရယ်​လိုက်သည်။ "နင်က အဲ့လို မဟုတ်တာ​တွေ​ပြောတဲ့​နေရာမှာ ဆရာတစ်ဆူပဲ​နော်"

မြို့စားမင်း၏ ​တေးဆိုငှက်​ငယ်Where stories live. Discover now