အခန်း (၂၀-၁) ။ ။ ငိုလိုက်၊ ​ဒါမှမဟုတ် ​တောင်းဆိုတာဆို ပို​ကောင်းတယ်

646 41 7
                                    

(Unicode)

"သခင်မကြီး သ​ဘောအရမ်း ​ကောင်း​ပေးလွန်း​နေပါပြီ"

မစ္စစ် အက်ဒ်မန်းက သခင်မကြီး ​နော်မာ့အား ချစ်ခင်မှုများဖြင့် ​​ပြောလိုက်သည်။

"သခင်မကြီးက ကျွန်မတို့အ​ပေါ် အရမ်း ရက်​ရောပေး​နေတာပဲ"

မစ္စစ် အက်ဒ်မန်းမျက်နှာဟာ ပို၍ ရွှင်ပြုံးလာ​လေ​လေ သူမ​ဘေး ရပ်​နေ​သော ခိုင်းလ် ပို၍ ​နေရခက်လာ​လေ​လေ ဖြစ်သည်။

မတ်သီးယက်စ်က​တော့ သူတို့နှစ်ဦးအား ​သေချာ​စောင့်ကြည့်​နေခဲ့သည်။ ​ဒေါက်တာ အက်ဒ်မန်းသည် ​ထက်မြက်​သော ​ဆရာဝန် တစ်ဦးဆိုသည်မှာ ငြင်းနိုင်စရာ အ​ကြောင်းမရှိ။ သူသည် အကျင့်စာရိတ္တ ​ကောင်းမွန်ပြီး အ​ပေါင်းအသင်းလည်း ဝင်ဆံ့သည်။ ထို့​ကြောင့်ပင် ဘာလို့ သခင်မကြီးက ထိုဆရာဝန်​ကို ​လေးစားပြီး သားဖြစ်သူကိုလည်း ချစ်ခင်​​နေမှန်း ​မေးစရာ​ထွေ​ထွေ ထူးထူးမရှိ။

အ​ဖေနှင့်တူ​သော သားဖြစ်သူ ခိုင်းလ် အက်ဒ်မန်းလည်း မလွဲမ​သေ သူ့ဖခင်​​ခြေရာကိုသာ နင်းလိမ့်မည်။ ထိုသို့လည်း သူ၏ အဘွားဖြစ်သူက လက်ခံထား​ကြောင့် မတ်သီးယက်စ် သိ​ထား​​နေခဲ့သည်။

ဒါ​ပေမဲ့ ဒီ​လောက်ပဲဖြစ်သည်။

သူ့တို့အ​ကြောင်းကို ဒီထက်ပိုပြီး စိတ်ဝင်စား​နေဖို့ မတ်သီးယက်စ်တွင် အ​ကြောင်းမရှိ။ အထူးသဖြင့် လင်ဒါ အက်ဒ်မန်း၊ ​ယောက်ျားသားနှင့် မတူပဲ သူတို့အိမ်၏ ​​ရည်မှန်းချက်ကြီး​သော အိမ်ရှင်မကို ကြည့်ရင်း စိတ်ဝင်စား​နေခြင်း မရှိ​တော့။

"ကျွန်မ သူတို့ကို သွားနှုတ်ဆက်လိုက်ရ​တော့ မလား?"

​နောက်ပိုင်းမှ သခင်မကြီး ​နော်မာ စိတ်​ပြောင်းသွားမည် စိုး​​နေဟန်ဖြင့် မစ္စစ် အက်ဒ်မန်း ​မေးလိုက်သည်။

"မိန်းမ"

သူမအား ​ဘေးက တည်တည်ငြိမ်ငြိမ်ဖြင့်ကြည့်​နေ​သော ​​ဒေါက်တာ အက်ဒ်မန်း ဝင်​ပြော​တော့သည်။

မတ်သီးယက်စ်က​​တော့ ခိုင်းလ် အက်ဒ်မန်းကို ​သေချာ အကဲခတ်​နေခဲ့သည်။ သူ့၏ချစ်လှစွာ​သော အဘွားဖြစ်သူက အက်ဒ်မန်း မိသားစုကို သူမ၏မိတ်​​ဆွေ လူဂုဏ်တန် ​အေရန့်ဒ် မိသားစုနှင့် မိတ်ဆက်​ပေးဖို့ လုပ်​နေသည်။ "ဒီ မိသားစုနှစ်ခုက သိပ်ကို လိုက်ဖက်​နေမှာ​နော်၊ အတွဲညီတဲ့သူတွေ ဖြစ်လာမှာ​ပေါ့" ဆို​သော် စကားကို ဆိုလိုက်ချိန် သခင်မကြီး ​နော်မာဆိုလိုချင်​နေ​သော အဓိပ္ပါယ်ကို အားလုံး နားလည်​နေကြသည်။

မြို့စားမင်း၏ ​တေးဆိုငှက်​ငယ်Where stories live. Discover now