အခန်း (၁၄) ။ ။စွဲမက်စရာ​ကောင်း​သော အမျိုးသမီး

524 28 3
                                    

(Unicode)

​ကြောက်စိတ်များဖြင့် တုန်လှုပ်​နေ​​​​သော ​လေလာ့ကို မတ်သီးယက်စ် မြင်လိုက်ရသည်။

သူမ ငယ်စဥ်ကတည်းက အခုချိန်ထိ ​သူမတွင် ​ပြောင်းလဲသွားသည့် တစ်စုံတစ်ရာရှိမ​နေခဲ့။ သူမကိုယ်သူမ အပြင်တွင် မည်မျှပင် သန်မာသတ္တိရှိသူအဖြစ် ​နေပြပါ​စေ လက်​တွေ့မှာ​တော့ သူမသည် အသည်းနှလုံးနု၍ ​ကြောက်တတ်သူသာ။

သူမ၏ ငယ်စဥ်ကပုံရိပ်များကို ပြန်ပုံ​​ဖော်​​နေရင်း မတ်သီးယက်စ် သူမနား ​လျှောက်သွားခဲ့သည်။

ထို​နောက် ​နှစ်​ယောက်ကြား ​ခြေလှမ်းအနည်းငယ်ကွာဟ သည့်​နေရာအ​ရောက်တွင် မတ်သီးယက်စ်​ရပ်လိုက်သည်နှင့် ​ကြောက်စိတ်မွှန်​နေ​သော ​လေလာ့ကို သူထင်ရှားစွာ​တွေ့လိုက်ရသည်။ သူမ၏ မျက်လုံးများက မျက်မှန်ကို ဆုပ်ကိုင်ထား​သော မတ်သီးယက်စ်၏ လက်ဆီသာ ရှိ​နေခဲ့သည်။

"ကျွန်မ... ​တောင်းပန်ပါတယ်"

​ဘယ်လိုပဲဖြစ်ဖြစ် ​လေလာ စကားကိုကြိုးစား​ပြောလိုက်သည်။ သူမ ယဥ်​ယဥ်​ကျေး​ကျေး ​တောင်းပန်လိုက်​သော်လည်း သူမ၏ မျက်လုံးများက ​ဒေါသစိတ်များဖြင့် ပြည့်နှက်​နေခဲ့သည်။

"မြို့စားမင်း ဒီမှာရှိ​နေမယ်လို့ ကျွန်မ မထင်ခဲ့လို့ပါ။ ကျွန်မ အရမ်း​တောင်းပန်..."

"တကယ်လို့ ငါ့မှာမရှိခဲ့ရင်​ရော်? ဒီ​နေရာက ဒီလိုခိုးဝင်လို့ရတဲ့ ​နေရာလို့ ထင်​နေတာလား?"

မတ်သီးယက်စ် ​ခေါင်းငုံ့၍ ​လေလာ့ကို ​မေးလိုက်သည်။ ​လေလာက​တော့ မျက်​တောင်ခပ်ရင်း ခပ်ရင်းနှင့် သူမ၏ မျက်လုံးများနီမြန်းလာ​သော်လည်း မတုန်လှုပ်ပဲ ကြိုးစားရပ်​နေခဲ့သည်။ သူမကြည့်ရသည်မှာ ငိုချင်သလိုဖြစ်​နေပြီ။

"​ပြောရရင်... သူခိုးတစ်​ကောင်လို?"

အ​မှောင်ထုထဲ မြင်သာ​သော ​လေလာ့၏ နီမြန်းမြန်းပါးပြင်နှစ်ဖက်ကို ကြည့်ရင်း​ သူ​လှောင်လိုက်သည်​။

"ဒါက ကျွန်မပစ္စည်းကို ကျွန်မလာပြန်ယူရုံပါပဲ"

"အာ၊ ဒါလား?"

မြို့စားမင်း၏ ​တေးဆိုငှက်​ငယ်Where stories live. Discover now