အခန်း (၈-၁)။ ။လုံခြုံ​​အေးချမ်းသော ကမ္ဘာငယ်​လေး

254 19 2
                                    

(Unicode)

ဟိုတယ်ရှိ တံခါး​​​​စောင့်မှ ဝင်လာသူ သူတို့သုံးဦးကိုမြင်လျှင် ပြာပြာသည်းသည်း တံခါးဖွင့်​ပေးသည်။

​​​​လေလာ့ကို နားမလည်ဟန်ကြည့်​နေ​သော ထိုတံခါးအ​​စောင့်ကို ​လေလာက ရင်းရင်းနှီးနှီးပင် ပြန်ပြုံးပြလိုက်သည်။ မြို့​ပေါ်ရှိ အ​​ကျော်ကြားဆုံးဟိုတယ်သို့ မည်သူမှ စက်ဘီးအို​လေး သယ်လာဖူးကြသည်မဟုတ်။ ထို့​ကြောင့် ထိုသူ​လေလာ့ကို နားမလည်သလို ကြည့်​​နေရသည့် အ​ကြောင်းရင်းကို ​သူမ ​ကောင်း​ကောင်း လက်ခံနိုင်ပါသည်။

သူမနှင့် ကယ်​လော်ဒင်းတို့ကို မိနစ်အနည်းငယ်​လောက် စစ်​ဆေးပြီးသည့်​နောက် ​လေလာ့ စက်ဘီးကို တစ်​နေရာယူသွားခဲ့ပြီး သူတို့ လက်ဖက်ရည်​သောက်မည့် အခန်းသို့ ​ခေါ်​​ဆောင်သွား​ပေးခဲ့သည်။ ​လေလာက ထိုသူတို့အား ​နှုတ်ဆက်လိုက်ပြီး ​ကျေးဇူးတင်စကား ဆိုလိုက်သည်။

လက်ဖက်ရည်​သောက်မည့် နား​နေ​ခန်းသည် ပင်မအ​ဆောက်အဦးကြီး၏ ညာဘက်ခြမ်းတွင် တည်ရှိသည်။ မန်​နေဂျာမှ သူတို့ သုံးဦးကို မြစ်ကမ်းဘက်သို့ မျက်နှာမူထား​သော ​ခုံနေရာကို လိုက်ပြ​ပေးခဲ့သည်။

စားပွဲဝိုင်းတွင် ​သူတို့အသီးသီး ထိုင်ခုံ​နေရာယူခဲ့ကြပြီး ​လေလာက​တော့ ​နောက်ဆုံးမှသာ ဝင်ထိုင်ခဲ့သည်။

ထို​နေ့အဖို့ သူမကံဆိုး​နေသည်လား မသိ၊ တိုက်ဆိုင်စွာဖြင့် ​လေလာ မြို့စားမင်း ဟားဟတ်ဒ်၏ မျက်​စောင်းထိုး​နေရာတွင် ထိုင်မိသွားသည်။ မြို့စားမင်း၏ ​အေးစက်​သော အကြည့်နှင့် မဆုံမိ​စေရန် သူမ ​ခေါင်းကို​အောက်သို့သာ ငုံ့ထားသည်။

​သူမ ရွှေ​​ရေစိမ် မျက်မှန်က ​နွေ​ရာသီ​၏ ​နေ​ရောင်​အောက်တွင် ​တောက်ပစွာ အလင်းပြန်​နေသည်။ ​လေလာ အံ့သြ​နေသည်က သူမကို မြို့စားမင်းဟားဟတ်ဒ် ဟို​နေ့မြစ်ကမ်းနား​ဘေးက ​ဖြစ်ရပ်က ဘယ်​တုန်းကမှ မဖြစ်ခဲ့သလို ကြည့်​နေနိုင်သည်ကိုပင်။

အဝတ်ဗလာဖြစ်​နေတာကို မြင်လိုက်ရသူထက် ကာယကံရှင်ကပိုပြီး မျက်နှာပူ ရှက်​နေရမည် မဟုတ်လား။

မြို့စားမင်း၏ ​တေးဆိုငှက်​ငယ်Where stories live. Discover now