(Unicode)
ထိုစဥ် ကြက်တူရွေးလေးတစ်ကောင် ပြတင်းပေါက်ကို ကန့်လန့်ခံထားသော တုတ်ပေါ်ကို ခဏခဏပြုတ်ကျနေပြီး ကယ်လော်ဒင်း လက်ပေါ်နားနေသော ဘင်္ဂလီစ် ဖပ်ရှပ်ငှက်ကလေးဟာ ဒယိန်းဒယိုင်ဖြစ်နေသည်ကို မတ်သီးယက်စ် သတိထားမိသွားသောအခါ သူ့အာရုံသည် သူတို့အနီးအနားရှိနေသော ဆံပင်မီးခိုးရောင်သန်းနေသည့် တိရစ္ဆာန်စောင့်ရှောက်သူကြီးထံ ရောက်သွားခဲ့သည်။
ထိုအခါ ထိုသူသည် သူတို့နားသို့ လျှောက်လာခဲ့သည်။
"ကျွန်တော် သူတို့အတောင်လေးတွေ ချိုးထားရလို့ပါ သခင်မလေး။ အဲ့လိုမှ သူတို့ပျံပြေးဖို့ကြိုးစားမနေတော့ပဲ ယဥ်ပါးလာတာ။ အတောင်ကို မချိုးပဲထားထားလိုက်ရင် ယဥ်ပါးအောင်လုပ်ဖို့ သိပ်ခက်သွားပြီ" ထိုလူကြီးက သူမ မေးခွန်းကို သေချာဖြေပေးသည်။
"သူတို့တောင်ပံကို? အဲ့ဒါဆို သူတို့နာမှာပေါ့"
"ကျွန်တော် သူတို့ငှက်တောင်လေးတွေပဲ လိုက်ဖြတ်ထားလို့ သူတို့ နာကြင်မှုတော့ မခံစားရလောက်ပါဘူး သခင်မလေး" သူ ဆက်လက် ရှင်းပြသည် "ပြီးတော့ ဒီလိုလုပ်လိုက်တာက သူတို့အတွက်လည်း လုံခြုံသွားတာပေါ့။ နောက်မို့ဆို သူတို့ အန္တရာယ်ရှိတဲ့ နေရာတွေဆီပဲ ပျံပျံသွားတတ်ပြီး ဒဏ်ရာတွေ ရရလာကြတယ်လေ။ သခင်မလေး ကြည့်ချင်လား?"
"ကျွန်မ အဲ့ဒါလေးတွေ သွားကြည့်ချင်ရင် အဆင်ပြေလား မြို့စားမင်း ဟားဟတ်ဒ်?" ကယ်လော်ဒင်း သူမ၏ မျက်လုံးများတောက်ပစွာဖြင့် မေးလိုက်သည်။
"လေဒီ ဘရန့်ဒ် သဘောအတိုင်းပါ"
မတ်သီးယက်စ် စီမှ ခွင့်ပြုချက်ရပြီးနောက် လတိရစ္ဆာန်စောင့်ရှောက်သူကြီးက ဥယျာဥ်အိမ်၏ အဆုံးတွေရှိနေသော လှောင်အိမ်အကြီးကြီးဆီ သူတို့ကို ဦးဆောင်ခေါ်သွားသည်။ ထိုထဲတွင် တောင်ပံမဖြတ်ရသော ငှက်လေးတွေ များစွာရှိနေသည်။
"အဲ့ဒါ ဘာငှက်လဲ?" မတ်သီးယက်စ် ငှက်လေးတစ်ကောင်ကို မြင်၍မေးလိုက်သည်။
YOU ARE READING
မြို့စားမင်း၏ တေးဆိုငှက်ငယ်
Romance#fanstrans **All credits go to original Author-nim and english translators! (Unicode + Zawgyi) ဟာဟတ်(ဒ်) အိမ်တော်ရဲ့ အပြောင်မြောက်ဆုံး ရလဒ်၊ နိဗ္ဗာန်ဘုံသမျှ လှပသည်ဟု တင်စားရသော အားဗစ်မြို့၏ အရှင်သခင်၊ ငှက်လေးများကို အပျော်တမ်း အမည်းလိုက်တတ်သ...