အခန်း (၂၀-၂) ။ ။ ငိုလိုက်၊ ​ဒါမှမဟုတ် ​တောင်းဆိုတာဆို ပို​ကောင်းပါတယ်

612 32 6
                                    

(Unicode)

စံအိမ်​တော်ထဲသို့ မတ်သီးယက်စ် ပြန်​ရောက်​သော အချိန်တွင်​တောင် ခိုင်းလ် အက်ဒ်မန်းက သူ့မိခင်၏ ဆွဲ​ခေါ်ထားမှု​ကြောင့် ပြန်ထွက်၍ မရ​သေးခဲ့။

​အေရန့်ဒ်မိသားစု၏ သခင်ကြီးနှင့် သခင်မတို့ကလည်း အက်ဒ်မန်းမိသားစုနှင့် ခမည်းခမက်​တော်ဖို့ သ​ဘောကျ​​နေခဲ့ကြသည်။ ထိုနည်းတူစွာပင် မစ္စစ် အက်ဒ်မန်းကလည်း အလွန်ပင်​ကျေနပ် အားရ​နေခဲ့သည်။

ခိုင်းလ်၏ မျက်နှာအ​နေအထားမှမူ သူ့မိဘများနှင့်မတူပဲ အလွန်ပင် ခပ်တန်းတန်းဖြစ်​နေခဲ့သည်။ သို့​သော် သူ့မိခင်ကလည်း သူဖြစ်ပျက်​နေတာကို နည်းနည်း​လေးမှ ဂရုစိုက်ပုံမ​ပေါ်။

ဘယ်လိုပင်ဖြစ်​စေ၊ ထိုမိသားစု အ​ရေးကိစ္စကို မတ်သီးယက်စ် တဖန်ပြန်ပြီး စိတ်ဝင်စားသွားခဲ့သည်။ ထို့​​နောက် ပါတီအတွင်းရှိ စကားဝိုင်းများထဲ အားဗစ် မြို့သခင်၊ မြို့စားမင်း ဟားဟတ်ဒ် အ​နေဖြင့် သူပါ ဝင်​​ရောက် ​ပြောဆို​နေခဲ့သည်။

​လေလာ ငိုခဲ့ပြီးပြီ။ ထို့​ကြောင့် သူ့ရင်ထဲတွင် ​ကျေနပ်မှုဆို​သော ခံစားချက်ကို ပြည့်ပြည့်ဝဝ ခံစားလိုက်ရပြီ ဖြစ်သည်။

ထို​ကောင်မ​လေး သူ့​ရှေ့ပြိုလဲခဲ့သည်။ သူမ၏ သိက္ခာကိုပင် မငဲ့နိုင်​တော့ပဲ သူမ၏မျက်နှာတွင် မျက်ရည်များနှင့် ပြည့်လျှံ​နေခဲ့ပြီ ဖြစ်သည်။ ထိုတင်မက​သေးပဲ သူမ မျက်ဝန်းတစ်ဝိုက် အနီ​ရောင်​လေးသန်းလာချိန် သူမ၏ စိုရွှဲ​နေ​သော မျက်လုံး​လေးများမှာ ပိုလှ၍ ပို​တောက်ပ​နေခဲ့သည်။

ထိုအချိန် သူမလည်တိုင်ထက်ရှိ လည်ဆွဲမှ မြ​​ကျောက်များသဖွယ် ​လေလာ လီ​​ဝေလ်လင်၏ မျက်လုံးများလည်း ​ရွှန်းလဲ့​တောက်​ပြော​ ​နေခဲ့သည်။

သူမ၏ ငို​နေပုံသည် သိပ်ကိုလှပ​နေခဲ့ပြီး မတ်သီးယက်စ် သ​ဘောကျသည်ကလည်း ထိုအရာပင်ဖြစ်သည်။

သူမ လှပစွာငို​နေသည်ကို မြင်ရပြီးသည့်​နောက် မတ်သီးယက်စ် လည်း သူမ၏ ဖိနပ်များကို လှိုက်လှိုက်လှဲလှဲပင် ပြန်​ပေးခဲ့သည်။

မြို့စားမင်း၏ ​တေးဆိုငှက်​ငယ်Where stories live. Discover now