(Unicode)
"ဦးလေးရေ! ဦးလေး ဘေးလ်!"
လေ့လာရဲ့ ကြောက်လန့်တကြား အော်သံသည် တောအုပ်တစ်ခုလုံး ပဲ့တင်သံထပ်သွားသည်။
ထိုအချိန် ဘေးလ်က သူ့အိမ်ပုလေးရှေ့ထိုင်ပြီး နေဝင်ဆည်းဆားကို ခံစားနေချိန်ဖြစ်သည်။
ကြောက်လန့်တုန်လှုပ်နေသော လေလာ အသံကို ကြားလိုက်ရ၍ အသံလာရာကို သူအလျင်အမြန် လှည့်ကြည့်လိုက်မိသည်။ သူ မြင်လိုက်ရသည်က နီနီရဲရဲ မျက်နှာနှင့် သူ့ဆီ တည့်တည့် ပြေးလာနေသော လေလာ။
"ဘာဖြစ်လို့လဲ?" ဘေးလ် သိလိုဇောနှင့် အလျင်အမြန် မေးလိုက်သည်။
"တောအုပ်...တောအုပ်ထဲမှာ လူတစ်ယောက်။ သူက အရပ်အရှည်ကြီးနဲ့..!" အမြန်အသက်အောင့် ပြေးလာရ၍ ဗိုက်အောင့် နေသော်လည်း လေလာ တစ်ယောက် ထို သူစိမ်းအကြောင်းကို ရှင်းပြနေရှာသည်။
"ဘာများလဲလို့... ကြည့်ရတာ မင်းတောအုပ်ထဲ အမဲလိုက်ဖို့လာတဲ့ မြို့စားမင်းနဲ့ တွေ့ခဲ့ရတဲ့ပုံပဲ" ဘေးလ် စိတ်ချသွားဟန် ဂိုဒေါင်ထဲက ပစ္စည်းများကို သယ်ရင်းချရင်း ဖြေလိုက်သည်။
"သူ့... သူ့ဆံပင် အရောင်က အမည်းရောင်.. ပြီးတော့ အပြာရင့်ရောင် မျက်လုံးတွေနဲ့! ပြီးတော့ အသံက ငှက်မွှေးလိုပဲ ခပ်ဖွဖွလေး ပြောတတ်တဲ့သူ!"
ဘေးလ် ရယ်လိုက်သည်။
"သေချာတယ်။ အဲ့တစ်ယောက် က မြို့စားမင်း ဟားဟတ်ဒ်ပဲ"လေလာ တစ်ယောက် အလွန်မောလာ၍ အသက်ကို ဖွဖွရူပြီး ဘေးလ် အရှေ့မှာ ရပ်နေရှာသည်။
သူမတွေ့ခဲ့ရသော ထိုသူမှာ ခဏလောက် သူမကို စိုက်ကြည့်နေခဲ့ပြီး ဘာတစ်ခုမှ ဆက်မပြောပဲ ထွက်သွားခဲ့သည်။ ထိုသူ မြင်းပေါ် ရောက်သွားသည်နှင့် တောအုပ်ထဲမှာ လူသစ်နှစ်ယောက် ထပ်ပေါ်လာခဲ့သည်။ သူလည်း မြင်းကို ထိုသူတွေပေါ်လာရာဘက်ကို ဦးတည်လိုက်ပါသွားခဲ့သည်။ လူတွေအားလုံး မြင်ကွင်းထဲက ပျောက်ကွယ်သွားမှ လေလာ လည်း သစ်ပင်ပေါ်မှ ပြေးဆင်းလာပြီး တောအုပ်ထဲမှ ပြေးထွက်လာခြင်းဖြစ်သည်။
YOU ARE READING
မြို့စားမင်း၏ တေးဆိုငှက်ငယ်
Romance#fanstrans **All credits go to original Author-nim and english translators! (Unicode + Zawgyi) ဟာဟတ်(ဒ်) အိမ်တော်ရဲ့ အပြောင်မြောက်ဆုံး ရလဒ်၊ နိဗ္ဗာန်ဘုံသမျှ လှပသည်ဟု တင်စားရသော အားဗစ်မြို့၏ အရှင်သခင်၊ ငှက်လေးများကို အပျော်တမ်း အမည်းလိုက်တတ်သ...