(Unicode)
ဂေးလ်လစ် အမျိုးသမီးကျောင်းရှေ့ ရပ်နေသော ခိုင်းလ် အက်ဒ်မန်း တစ်ယောက် တစ်စုံတစ်ယောက်ကို ရပ်စောင့်နေသည်။
ကျောင်းဆင်းလာသော ကျောင်းသူလေးများက သူ့ကို ကျောင်းရှေ့လမ်းမီးတိုင်များနှင့်ပင် တူသယောင်ယောင်ရှိနေပြီလို့ ကြည့်ရင်း မှတ်ချက်ပေးကြသည်။
ထိုအချိန် ကျောင်း၏အဝေးတစ်နေရာမှ စက်ဘီးလေး တွန်းပြီးထွက်လာသော အမျိုးသမီးငယ်လေးကို တွေ့လိုက်ရသောအခါ ခိုင်းလ် တစ်ယောက်တည်း ပြုံးနေမိသည်။
တည်ငြိမ်ရင့်ကျက်စွာဖြင့် ကျက်သရေရှိရှိ လျှောက်လှမ်းလာ ခြေလှမ်းများကို လှမ်းမြင်ရုံနှင့် သူမ ဘယ်သူဆိုတာ ခိုင်းလ် မှန်းဆလို့ ရနေသည်။
သို့သော် သူမ၏ လမ်းလျှောက်ပုံ တစ်ခုထဲက သူမ ဘယ်သူမှန်း သိသာနေစေသည် မဟုတ်။ သိသာထင်ရှားနေစေသည့် အချက်မှာ သိမ်မွေ့သော အမူအရာရှိသည့် သူမ၏ ကိုယ်ခန္ဓာနှင့် တည်ငြိမ်သော သူမ၏ မျက်နှာအနေအထားလေးတွေပင်။
ခိုင်းလ်တစ်ယောက် သူမ၏ ဖြစ်တည်မှုအားလုံးကို မြတ်နိုးတန်ဖိုးထားမိသည်။
ဝက်သစ်ချပင်ကြီးအောက် သူတို့နှစ်ယောက် စတင်တွေ့ဆုံခဲ့ရသည့် ထိုနွေနေ့လေး တစ်နေ့ကစပြီး သူမလို မိန်းကလေးမျိုး ခိုင်းလ်အတွက် နောက်တစ်ယောက် မရှိနိုင်တော့။
"လေလာ!"
သူမ နာမည်ကို တစုံတယောက် အော်ခေါ်တာ ကြားလိုက်ရချိန် လေလာ ခပ်သွက်သွက်လျှောက်လိုက်ပြီး သူမဆီ တည့်တည့်ပြေးလာနေသော ကောင်လေးကို မျက်မှောင်ကြုံ့ ကြည့်လိုက်သည်။
ခိုင်းလ်လည်း သူမဆီ ခပ်သွက်သွက်လေး လျှောက်လာသည်။
ရပ်နေသူမှာ ခိုင်းလ် မှန်း သူမ သိသွားချိန် လေလာ့ ခြေလှမ်းလေးများ ပို၍ပင်မြန်ဆန်လာခဲ့သည်။
သူတို့ နှစ်ဦးဆုံတွေ့ သွားသည့်အခါ သူမ ခိုင်းလ်ကို ချိုသာစွာ ပြုံးပြလိုက်သည်။
YOU ARE READING
မြို့စားမင်း၏ တေးဆိုငှက်ငယ်
Romance#fanstrans **All credits go to original Author-nim and english translators! (Unicode + Zawgyi) ဟာဟတ်(ဒ်) အိမ်တော်ရဲ့ အပြောင်မြောက်ဆုံး ရလဒ်၊ နိဗ္ဗာန်ဘုံသမျှ လှပသည်ဟု တင်စားရသော အားဗစ်မြို့၏ အရှင်သခင်၊ ငှက်လေးများကို အပျော်တမ်း အမည်းလိုက်တတ်သ...