အခန်း (၉-၁)။ ။ရိုရိုကျိုးကျိုး မိန်းမလှ​လေး

212 17 0
                                    

(Unicode)

"အဲ့ က​လေးမ​လေးလား? ဥယျာဥ်မှူးကြီး ​မွေးစားထားတဲ့ ​ကောင်မ​လေး ဆိုတာ?"

သခင်မ ဘရန့်ဒ် ပြတင်း​ပေါက်မှ ပန်းခြံဘက်ကို ကြည့်ရင်း မျက်မှန်နှင့် ​ကောင်မ​လေး တစ်​ယောကို ​တွေ့လိုက်ရသည်။ သူမသည် ဥယျာဥ်မှူးကြီး ​ဘေးလ် နှင်းဆီပင်များ ပျိုး​ထောင်​နေချိန် ​ဘေးမှ ကူညီ​ပေး​နေခြင်းဖြစ်သည်။ ပြတင်း​ပေါက်​ဘောင် နားရပ်​နေ​သော သခင်မ ဘရန့်ဒ်၏ နဖူးထက်မှ အ​ရေး​ကြောင်းတို့မှာ ​နေ​ရောင်​အောက်တွင် အထင်းသားဖြစ်​နေသည်။

"ဟုတ်တယ် ​မေ​မေ။ အဲ့ဒါသူပဲ... ​လေလာတဲ့"

က​ယ်​လော်ဒင်း တိုတိုနှင့် လိုရင်းပဲ​ဖြေလိုက်သည်။ ​လေလာ့ကို မြင်ပြီး သခင်မ ဘရန့်ဒ်တစ်​ယောက် အာရုံ​​တွေ ​ထွေပြား​နေ​သော်လည်း သူမက​တော့ သူမထိုးလိုက်စ ပန်းကိုသာ ပိတ်စ​ပေါ်တွင် ​တည်ငြိမ်စွာ ဆက်ထိုး​နေခဲ့သည်။

သူမ ​ကျွမ်းကျင်စွာပန်းထိုးပြီး သည့်​နောက် ပိတ်စ​ပေါ် လှပ​​​သော နှင်းဆီ ပန်းပွင့်​လေးများဟာ ​သေသပ်စွာရှိလို့​နေသည်။

"သူက မိန်းမလှ​လေးပဲ။ ​​​နောက်ပိုင်း အသက်ရလာရင် ဒီ့ထက်​တောင် ပိုလှလာအုံးမှာလို့ ​မေ​မေထင်တယ်"

"အဲ့ဒါက သမီးကို စိတ်မပူ​စေဘူးလား?"

"​မေ​မေ ဘာကို​ဆိုလိုချင်မှန်း သမီး နားလည်ပါတယ် ​မေ​မေ"

ကယ်​လော်ဒင်း သူမ ထိုးလက်စပိတ်စကို စားပွဲခုံ​ပေါ် တင်လိုက်သည်။ သခင်မ ဘရန့်ဒ်က​တော့ သူ့သမီး​လေးကို စိုးရိမ်ပူပန်မှုများရှိ​နေသည့် မျက်နှာဖြင့်သာကြည့်ပြီး ပြုံးပြရှာသည်။

ကျန်းမာ​ရေး ခြူခြာ​သော သူမတွင် ထိုသမီး​လေး တစ်​​ယောက်ထဲသာ ရှိသည်။ ဘရန့်ဒ်အိမ်​တော်၏ တစ်ဦးတည်း​သော သမီး ကယ်​လော်ဒင်း ဗွန် ဘရန့်ဒ်။ သူမသည်လည်း သူမ​ရှေ့တွင် ကိုယ်ဝန်များစွာပျက်ပြီးမှ အဖတ်တင်လာ​သော သူမ၏ သမီး​လေး။

သခင်မ ဘရန့်ဒ် သူမဘဝတစ်​​​လျှောက်လုံး သိမ်ငယ်မှုများနှင့်သာ ​နေထိုင်လာခဲ့ရသည်။ ဘရန့်ဒ် အိမ်​တော်၏ အ​မွေဆက်ခံသူ သား​​ယောက်ျား​လေး မ​မွေးဖွား​ပေးနိုင်ခဲ့သူမ သူမ၏ ခင်ပွန်းသူ့အ​ပေါ်ထား​သော ​အချစ်​မေတ္တာများ ဘယ်​နေ့​ကုန်ဆုံးသွား​လေ မလဲဆို​သော အ​​ကြောက်တရား​၏ အရိပ်​တွေ ​နေထိုင်​ခဲ့ရသည်။

မြို့စားမင်း၏ ​တေးဆိုငှက်​ငယ်Where stories live. Discover now