အပိုင်း(၈၀)ကြေးနီခုံပါငွေခွက်-၃

17 3 1
                                    

#၈၀) ကြေးနီခုံပါ ငွေခွက် -၃
#80)Silver Cup with a bronze stand-3
...................................................................
Translated to mm by AKM(MyinGyan)
....................................................................
အမျိုးသမီးကြီးသည်  အသက်လေးဆယ်ငါးအရွယ်
ရုပ်ရည်မျိုးပင်။ သူမသည် သူ့နဘေးရှိ
စက်မှုလုပ်ငန်းအဖွဲ့ချုပ်မှ အရာရှိကတော်ထက်
ပိုပြီးယဉ်ကျေသိမ်မွေ့လှပါသည်။

ခင်ဗျာ..ဘာပြောလိုက်တာလဲခင်ဗျ..

သူမ..ဘာ့ကြောင့်မေးသည်ကို ဟေးဂျင်သိပါသည်။
ဒါပေမယ့်လို့ ငွေခွက်အကြောင်း သိလို့ပဲ မေးတာလား..ဒီအတိုင်း စပ်စုကြည့်တာလား..သိချင်၍
မေးလိုက်ခြင်းဖြစ်ပါသည်။

အဲဒိငွေခွက်လေ..ရောင်းဖို့များလားရှင့်..

ဘယ်လို..အာ..ဟားဟားဟား..

ကောက်ခါငင်ခါမေးလိုက်သည့်အမေးကိုကြားလိုက်
ရသည့်အခါမှာ ဟေးဂျင်တစ်ယောက် ဗြုန်းကနဲ
ရယ်ချလိုက်သည်။ အမျိုးသမီးကြီးသည်
သူမှားသွားသည်လို့ပင် တွေးမိသွား၍
တောင်းပန်လိုက်သည်။

အိုး..တောင်းပန်ပါတယ်ရှင်..ကျမ..အဲဒိခွက်ကို
တော်တော်ကြိုက်နေမိလို့ပါ.....ရှင်.ဒီမှာ
ခဏလောက်မထိုင်နိုင်တော့ဘူးလားရှင့်..
အိုး..ဆောရီး..ကျမကိုကျမ..မိတ်မဆက်ရသေးတာ..
တောင်းပန်ပါတယ်..ကျမက..ဆိုဟန်ဂျန်းပါ..ဟိုလေ..အဟင်း..ပြောရတာ နည်းနည်းတော့
ကြောင်တောင်တောင်နိုင်မလားပဲ..
ဒါပေမယ့်..မိတ်ဆက်တာဆိုတော့လေ..
ကျမယောက်ျားက ဘဏ္ဍာရေးကြီးကြပ်မှု
ကော်မတီရဲ့ ဥက္ကဌပါရှင့်..

အိုးဟိုး...

သူမသည် ဩဇာအာဏာ ရှိသူတစ်ယောက်၏
ဇနီးတစ်ယောက်ပါလား...လို့ ဟေးဂျင် သိလိုက်
ရသည်။ သို့ပေမယ့် လူပုံအလယ်တွင် အခုလို
သိလိုက်ရပြန်တော့လည်း အဆင်မပြေလှပါချေ။
ပြီးတော့ သူမပြောခဲ့သလိုပင် ကြောင်တောင်တောင်
လည်း နိုင်လှပါသည်။

ဟေးဂျင်..ဘာကိုတွေးနေသည်ကို သိသည့်အလား
သူမက လက်ကိုဝှေ့ရမ်းပြလိုက်သည်။

ဟိုလေ..ကျမက ဂုဏ်ဖေါ် တာမဟုတ်ပါဘူးနော်..
အိမ်ရှင်မတစ်ယောက်ဆိုတော့ ဘယ်သူဘယ်ဝါပါဆိုပြီး ကိုယ့်ကိုကို မိတ်ဆက်စရာ ဘာမှ မယ်မယ်ရရ
မရှိလို့ပါရှင်..

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now