အပိုင်း-၃၅...သီးသန့်လေလံပွဲ-၁

52 6 0
                                    

#(၃၅)သီးသန့်လေလံပွဲ(၁)
#35.Private Auction in the US-1
.......................................................................
ရှင်က..တူးဖေါ် ရေးတွေလုပ်ချင်တာလား...
အင်း..ကျမတို့ဂယ်လာရီမှာ..သုတေသနသမား
တစ်ယောက်ဖြစ်လာဖို့မျှော်မှန်းတာတော့
မဟုတ်လောက်ပါဘူး...ဘာလဲ..ကျမကို
ရှင့်အတွက်တူးဖေါ် ရေးကိုယ်စားလှယ်အဖြစ်
လုပ်စေချင်တာလားရှင့်..

ကိုရီးယားမှာတော့..လူတိုင်းက..တူးဖေါ် ရေး
လုပ်ငန်းတွေမှာပါဝင်လို့မရပါချေ။မြေအောက် မှာ
နစ်မြုပ်နေသည့်ရှေးဟောင်းပစ္စည်းတွေကို..တူးဖေါ် ရန်အထူးပြုဖွဲ့စည်းထားသည့်အေဂျင်စီတွေသာ
တူးဖေါ် နိုင်ပါသည်။ဆိုလိုသည်မှာ..ပြတိုက်တွေ
ပိုင်ဆိုင်သည့်အေဂျင်စီတွေ..သို့မဟုတ်..ဒေသ
အာဏာပိုင်အစိုးရ၏ခွင့်ပြုမိန့်ရထားသည့်အဖွဲ့
အစည်းတွေကသာဆောင်ရွက်နိုင်သည့်
လုပ်ငန်းဖြစ်ပါသည်။

ကျနော်..အနုပညာပြတိုက်တစ်ခုထူထောင်ချင်လို့ဗျာ..အခုကျနော့်မှာ..ဘာမှမရှိသေးပဲနဲ့ဒီစကားပြော
ရတာ..နည်းနည်း တော့ရီစရာကောင်းတယ်..
ဒါပေမယ့်..ကျနော့်နာမည်နဲ့ပြတိုက်ကြီးကြီးတစ်ခုထူထောင်ဖို့က..ကျနော့်အိပ်မက်ပဲဗျ။

အိုး..ဘယ့်နဲ့..အဲဒါ..ရီစရာဖြစ်ရမလဲ..တကယ်
မိုက်တယ်..ဟမ်း..ဒါဆို..ရှင်..ပြတိုက်အဖြစ်အသုံးပြုမယ့်နေရာတစ်နေရာရှာဖို့လိုသေးတာပေါ့..ခင်းကျင်းပြသမယ့်ရှေးဟောင်းပစ္စည်းတွေပြင်ဆင်ထားဖို့လည်း..လိုဦးမယ်..

ဟုတ်တယ်..အုပ် ချုပ်အရေးအပိုင်းအတွက်လည်း..ခင်ဗျားအကူအညီလိုတယ်ဗျ...ပြီးတော့..
ခင်ဗျား..ကျနော့်ကို..အလုပ်ရှာနေတဲ့..အရည်အချင်း
လည်းရှိမယ့်ပြတိုက် မှူးတစ်ယောက်..ရှာပေးမယ်ဆိုရင်..ကျနော်တကယ့်ကိုကျေးဇူးတင်မိမှာပဲဗျ..

အွန်ဟေးလို..ကိုယ်ပိုင်ဂယ်လာရီလည်းရှိသူ..
အနုပညာပြတိုက်တစ်ခုလည်းထူထောင်နေသူထံက..အခုလိုအကူအညီတောင်းတာကတော့..ဘယ်လိုကြီးပါလိမ့်လို့ထင်စရာပင် ။
အဘယ့်ကြောင့်ဆိုသော်..ဂယ်လာရီတွေ..အနုပညာ
ပြတိုက်တွေဆိုတာက..ကွန်ဗီးနီးယန့်စတိုးဆိုင်တွေ..
ဆူပါမားကတ်တွေလိုမဟုတ်ပါ..
ဖေါက်သည်တွေက..ဒီတစ်နေရာက
ပစ္စည်းဝယ်တယ်ဆိုရင်..ဒီဆိုင်မှဒီဆိုင်..အခြားဘယ်နေရာကိုမှသွားမဝယ်ကြတော့တာမျိုးမဟုတ်ပေ..
ရှေးဟောင်းပစ္စည်း တွေ ဆိုတာကလည်း..စက်ရုံက
ထုတ်လုပ်သည့်ရောင်းကုန်ပစ္စည်းမျိုးမဟုတ်တော့..ဂယ်လာရီတွေ..အမျိုးမျိုးပိုရှိလေ..
ဖေါက်သည်တွေက..အင်ဆာဒုံနှင့်ဘက်ချုံးလို
နေရာတွေကိုပိုလို့ရောက်လာလေလေပင်။
သို့အတွက်ကြောင့်ပင်ဟေးဂျင်သည်သက်တောင့်
သက်သာပင်အကူအညီတောင်းနေခြင်းဖြစ်ပြီး..အွန်ဟေးကလည်းစိတ်ခုခြင်းအလျည်းမရှိပေ။

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now