အပိုင်း(၁၄)ခြင်္သေ့ထိန်းသမားပန်းချီကား-၂

76 4 0
                                    

အပိုင်း(၁၄) ခြင်္သေ့ထိန်းသမားပန်းချီကား(၂)
14..The Meaning of Lion Tamer(2)
...................................................................
ခင်ဗျားတို့အနေနဲ့..ဒီပန်းချီကားကိုအထင်ကြီးပြီးဝယ်ခဲ့တာပဲ..ဆိုတဲ့စကားကို..ကျနော်မပြောပဲမနေနိုင်ဘူးဗျာ.....

ဟေးဂျင်ကိုအသာတကြည်စောင့်ကြည့်နေသော
ဆန်းဂျွန်သည်..မတ်တပ်ထရပ်လိုက်ပြီး.....
ဟေ့ ...မင်း..အဲဒိစကားကို..ထပ်ပြောစမ်း...

ဗြောင်ဂွတ်သည်ပင်အံ့ဩသွားပြီး..ဟေးဂျင်လက်ကို
ဇွတ်ဆွဲခေါ်လိုက်သည်...
ဟေးဂျင်၏အနေအထားမှာ..ဆန်းဂျွန်လို..
ကိုရီးယားရှိတန်းခိုးဩဇာအကြီးဆုံးပုဂ္ဂိုလ်နှင့်
နှိုင်းစာလျှင်..မိုးနှင့်မြေပမာဝေးကွာပါသည်။
သို့သော်..ဟေးဂျင်မှာ.တည်တည်ငြိမ်ငြိမ်ပင်..သူ့စကားကိုဆက်ပြောလိုက်သည်။

"မက်စ်ဘက်မန်"ဆိုတာ..အကြီးအကျယ်ဆုံးအနုပညာ
ရှင်တစ်‌ယောက်ပေါ့ ... ..ဒီပန်းချီကားကို..ခိုလ်းမြို့က ရမ်းပက်လေလံပွဲမှာတင်ခဲ့တာကျနော်မှတ်မိနေတယ်...ဘယ်နှစ်လောက်...@%&...

၂၀၁၁..ခုနှစ်ပေါ့...
ခပ်စောစောကဟေးဂျင်ကိုလှောင်ပြောင်ခဲ့သောမိန်းကလေးသည်..အခုတော့ထိုသို့မဟုတ်ပဲ..ဆန်းဂျွန်လိုပင်..မျက်နှာသေဖြင့်..သူ့ကိုစိုက်ကြည့်နေသည်။

ဒီပန်းချီကားက..ဒီကိုဘယ်လိုရောက်လာသလဲတော့..ကျနော်မသိဘူး..ဒါပေမယ့်အမှားအယွင်းတစ်ခုခုတော့ရှိခဲ့ရမယ်....

ဘာအမှားအယွင်းလဲ..ရှင်..ပေါက်ပန်းဆေးစကားတွေ....ဒီမှာလာပြောနေရလား..

ဟေးဂျင်ကသူမကိုပြုံးပြလိုက်သည်...
ဒါ..မက်စ်ဘက်မန်ရဲ့လက်ရာမဟုတ်ဖူး..ဗျ

သူ..မှော်မန္တန်ကိုအသုံးမပြုရသေးခင်...
ဒီအိမ်ထဲဝင်လာခါစကပင်...ထိုပန်းချီကားသည်..
ဟေးဂျင်မျက်လုံးများကိုဖမ်းစားနိုင်ခဲ့ခြင်းမှာ..အကြောင်းပြချက်တစ်ချက်ကြောင့်ဖြစ်ပါသည်။ထိုအချက် မှာ..ဤပန်းချီကားအစစ်ကို...သူ့မျက်စိနှင့်တပ်အပ်
မြင်ခဲ့ဖူး၍ပင်ဖြစ်ပါသည်။

အဓိပ္ပါယ်မရှိလိုက်တာ....ရှင်က..ကျမအဖေပိုင်တဲ့ပစ္စည်းကိုအတုလို့ပြောရဲတယ်ပေါ့..ဟုတ်လား...
ဟေဗက်စီဂယ်လာရီက..ပြတိုက် မှုးတွေ..
ရာဖြတ်တွေ..အားလုံးကို..ရှင်ကအရူးလုပ်ဦးမလို့လား..ရှင့်ကို..ကျမ..ဒီအတိုင်းလွှတ်မပေးနိုင်ဘူး...အဖေ..အခုချက်ခြင်း..ရဲကိုခေါ်လိုက်စမ်းပါ....

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now