အပိုင်း(၅) မန္တန်ရွတ်ခြင်း(၁)

163 9 0
                                    

အပိုင်း(၅)
5)"Artifact Reading Inspector"
     Author: YOUNGWAN
     Translated by AKM
#ရှေးဟောင်းပစ္စည်းမှော်သခင်
..............................................
5.Using Magic
အပိုင်း(၅)မန္တန်ရွတ်ခြင်း(၁)
,.............................,...............

လေလံရုံသို့တိုက်ရိုက်သွားရန် သူစိတ်ကူးမိသည်။
ကြွေထည်တွေရဲ့နောက်ကြောင်းဘယ်လိုရှိရှိ ပြဿနာ
မဟုတ်ပါ..အားလုံးသူ့လက်ထဲရောက်နေပြီပဲ။သူတစ်ပါး၏ စီးပွားရေးကို သူမနှောင့်ယှက်ချင်ပါ။ထို့အတူ အခုလိုလည်း သူတပါးစိတ်
အ နှောက့်အယှက်ဖြစ်ရတာမျိုးကိိုလည်း
မဖြစ်စေချင်ခဲ့ပါ။
အိုး...ငါဒီလိုမလုပ်သင့်ခဲ့ပါဘူး...

ထိုသို့အောက့်မေ့ရန် မလိုမှန်းသူသိပါသည်
ဒါပေမယ့်လည်း သူသွားရန်ရည်ရွယ်ထားသည့် ကိုရီးယားလေလံရုံရှေ့ရောက်တော့
မဝင်ဖြစ်တော့ပဲ အင်ဆာဒုံအတွင်းပိုင်းသို့လျောက်ဝင်ခဲ့
လိုက်သည်။
‌ဘိုးဘေးဘီဘင်တို့၏ရှေးဟောင်းပစ္စည်းကို
ကျီစယ်လှောင်ပြောင်ရဲသည့် အနှီပုဂ္ဂိုလ်များ၏ မျက်နှာကို သူမြင်ချင်ပါသေးသည်။

အာ...ဒီနေရာများလား...
အဆောက်အဦဟောင်းတစ်လုံး၏ မြေညီထပ်ပေါ်မှာ "ချုံးဂျင်ရာဖြတ်အေဂျင်စီ"လို့ရေးထားသည့်ဆိုင်းဘုတ်ကိုသူလှမ်းမြင်လိုက်သည်။သင့်ပါ့သင့်ပါ့မလားဆိုပြီး
သူ့စိတ်ကူးအပေါ်သံသယဖြစ်မိသော်လည်း အဆုံးမှာတော့ အဆောက်အဦ
ထဲ..သူ..ဝင်ချသွားသည်။
ဒင်...သူတံခါးဖွင့်လိုက်တော့ ခေါင်းလောင်းသံတစ်ချက်ပီပီသသမြည်သွားသည်။

ကြိုဆိုပါတယ်ရှင်......
ရာဖြတ်ပေးစရာကိစ္စပါလားရှင်...
အသက်သုံးဆယ်ဝန်းကျင်အမျိုးသမီးတစ်ယောက်က ဟေးဂျင်ကို ပြုံးပြီးကြည့်နေသည်။
အမျိုးသမီးမှာလှလှပပမို့လို့ ရှေးဟောင်းအဆင်အပြင်ရှိသည့် သည်လိုနေရာနှင့်တောင်မအပ်စပ်သလိုပင်။ ထို့အစား ကုမ္ပဏီကြီးတွေမှ ဝန်ထမ်းတစ်ဦးအဖြစ်ကမှ
သူမနှင့်ပိုလိုက်ဖက်ပါ‌သေးသည်။

ဟုတ်ကဲ့..အဖြူရောင်ကြွေထည်တစ်ခု
ရာဖြတ်ပေးစေချင်လို့ပါခင်ဗျာ....
အဖြူရောင်ကြွေထည်လား....အိုး...
ခဏလောက်စောင့်ပေးပါလားရှင်...
ကျမတခုခုသောက်စရာယူပေးရ
မလား..ကော်ဖီဆိုရင်အဆင်ပြေပါသလားရှင်...
ဟုတ်..ဘာပဲဖြစ်ဖြစ်ရပါတယ်...
သူမက တံခါးကိုဖွင့်ပြီး ပြန်ထွက်လာတော့ ကော်ဖီ
တစ်ခွက်ပါလာပြီး ဟေးဂျင်ဆီကမ်းလိုက်သည်။
ဆယ်မိနစ်ခန့်အကြာမှာ ဟေးဂျင်ကို အထဲဝင်ရန်
ဖိတ်ခေါ်လာသည်။

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now