အပိုင်း(၈၄) ဘားရို့ပန်းချီ အထူးပြပွဲ-၁

15 2 0
                                    


#၈၄)ဘာရို့ပန်းချီ အထူးပြပွဲ-၁
#84)Baroque Special Exhibition-1
...................................................................
Translated to mm by AKM(MyinGyan)
....................................................................

ဟ..မင်း..အဲသလောက်ကြီး ဈေးကိုင်ဖို့ လိုလို့လားဟဲ့..

အာ..ကျနော့်မှာက အလုပ်ရှိသေးတယ်ဗျ..ဝမ်ငွေ
သန်းတစ်ရာဆိုတာက အတော့်ကိုများတဲ့ပမာဏလို့
မြင်ကြမှာပဲ..ဒါပေမယ့်လို့ ခင်ဗျားပြောခဲ့သလို
ကျနော့်အနေနဲ့..တစ်ရာမကတဲ့ ရှေးဟောင်းပစ္စည်း
တွေကို စစ်ဆေးပေးနေရလိမ့်မယ်.အဲဒါဆို.
သိပ်မကိုက်လှဘူး..ပြီးတော့
ပင်ပင်ပန်းပန်း အလုပ်တွေအကုန် ကြုံးလုပ်
ခဲ့ရင်တောင် ကျနော့်ထင်မြင်ချက်..ကျနော့်
အကြံဉာဏ်ဟာ စိတ်ကြိုက် အရွေးခံရဘို့
မရှိဘူး..ဆိုတော့ကာ..ကျနော် အလုပ် လုပ်ရတာဟာ
ဘာအဓိပ္ပါယ်များ ရှိတော့မလဲဗျာ

ဟ..မင်း..အလုပ်လုပ်ခြင်းရဲ့ အဓိပ္ပါယ်က ငွေပဲလေကွာ..

အင်း..ငွေက အဲသလောက်..ကြီးကျယ်တဲ့ကိစ္စ
မဟုတ်ဖူးလို့ပဲ..ကျနော်ဆက်ပြောရမှာဘဲ..ကဲပါ..
ဘယ်လိုပဲ ဖြစ်ဖြစ်..ကျနော့် သဘောထားကို
ပြောပြီးပြီပဲ..အဲဒါကို ခင်ဗျားတို့ လက်ခံမယ်
ဆိုရင်တော့..ကျနော့်ပြတိုက်ကို လာခဲ့ချေဗျာ..
အဲသလိုမဟုတ်ပဲ..ခင်ဗျားတို့ ကျနော့်ကို
စစ်ဆေးအကဲဖြတ်ခိုင်းချင်တဲ့ ပန်းချီကား​တွေ
အတွက်ဆိုရင်တော့..ကျနော် အကောင်းဆုံး
စစ်ဆေးပေးပါ့မယ်လို့ ကျိန်ဆိုပြောဝံ့ပါရဲ့ဗျာ..

မစ္စက်မင်စုတစ်ယောက် သက်ပြင်းကို ချလိုက်သည်။
ဟူး..မင်းက အတော်ကတ်တီးကတ်ဖဲ့နိုင်သားပဲ..
ကောင်းပြီလေ..ငါတို့ စဉ်းစားလိုက်ဦးမယ်..ပြီးမှ
မင်းကိုဆက်သွယ်လိုက်မယ်လေ..ဒီနေ့ဖြစ်ပျက်ခဲ့သမျှကို မင်း..အာမချောင်ဖို့ ငါ..မျှော်လင့်ပါတယ်..

သူမသည် သူ့ယောက်ျားမသိဘဲ လျှို့ဝှက်ရန်ပုံငွေ
တစ်ရပ်ထူထောင်ရန် ကြိုးစားမှုအား ဟေးဂျင်..
သိသွားသည့် ကိစ္စအကြောင်း ပြောနေခြင်းဖြစ်
လေသည်။

အာ..ဟုတ်ကဲ့ပါ.နောင်..ကျနော်လိုချင်တာ
ခင်ဗျား.ပေးမယ်လို့.ဆိုသမျှ..ကျနော်..အာမချောင်
ပါဘူး..

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now