အပိုင်း(၇၇) ကိုရီးယားသို့ ပြန်ရောက်ပြီ-၂

16 2 0
                                    

#၇၇) ကိုရီးယားသို့ ပြန်ရောက်ပြီ-၂
#77) Back in Korea again-2
...................................................................
Translated to mm by AKM(MyinGyan)
....................................................................
ဒီမိန်းမကြီး..ဘာများပြောလိုက်တာပါလိမ့်..
ဆေးယွန်ဂယ်လာရီကရော..ဘာကြောင့် ဒီလို
အပေါစားအတုကြီးကို ရောင်းရတာပါလိမ့်..

အမကြီး..ဒီကားကို တကယ်ပဲ ဆေးယွန်
ဂယ်လာရီက ဝယ်ခဲ့တာလားဗျ..

ဟုတ်တယ်လေ..ကျမက ဘာလို့ လိမ်ရမှာတုံး..
ကရာ..ကရာ..ဟိုလေ..အဲဒါက ဘာတုံးရှင့်..

ကရာကွီလာပါဗျ..အဲဒါက ဆီဆေးနဲ့ဆွဲတဲ့အခါ
စိုထိုင်းဆ ပြောင်းသွားတာနဲ့အညီ ဆေးသား
ကလည်း ကြုံ့သွားတယ်ဗျ..အဲဒိအခါ ဆေးသား
မျက်နှာပြင်မှာ အက်ရာသေးသေးလေးတွေ
သူ့အလိုလို သဘာဝအတိုင်း ပေါ်လာတက်တယ်..
ဟောဒီလိုမျိုးပေါ့..တကယ်တော့ဗျာ..ဆေး
မခြောက်ခင် အဲဒိအပေါ် ဆေးထပ်သုတ်လိုက်
တဲ့အခါ..သို့မဟုတ်..အောက်ခံဆေးသားက
စုပ်အားကောင်းတဲ့ အခါ..သို့မဟုတ်..ပရိဘောဂတွေ
ဘာတွေ မျက်နှာပြင်ကို သုတ်တဲ့ ဗားနစ်လို့
ခေါ်တဲ့ အရောင်တင်ဆီက သုတ်ဆေးနဲ့
ကောင်းကောင်း မရောစပ်မိတဲ့ အခါမျိုးတွေမှာ
အက်ကြောင်းတွေ ပေါ်လာတာကို ပြောတာပေါ့..
ဘယ်လိုပဲဖြစ်ဖြစ်ပါ သဘာဝအတိုင်း
အိုဟောင်းသွားတဲ့ ပန်းချီကားတစ်ချပ်မှာ
ဒီလို အက်ရာတွေ မရှိတက်ဖူးဗျ..အခုဟာက
မီးဖုတ်ဖိုထဲမှာ..ဖုတ်ထားတဲ့ဟာဘဲ..

အယ်..မဖြစ်နိုင်လိုက်တာ..ဒါ..တကယ်ပဲ..အတုလား
ရှင့်..

ဟေးဂျင်တစ်ယောက်..သူ့ဒေါသကို ထိန်းလိုက်
ရသည်..အတော်ကြီးကို ရိုင်းသည့် အမျိုးသမီးပင်..

အာ..အမကြီး..ကျနော့်ကို မယုံဘူးဆိုရင်
ဒါကို..ကိုရီးယားရာဖြတ်ကော်မတီဆီသာ ယူသွား
လိုက်ပါ..ဒီဆိုင်ထဲမှာတော့...ခြိမ်းလားခြောက်လား
လုပ်မနေပါနဲ့..

ဟို..ဟို..မဟုတ်...အာ.ညစ်ပတ်လိုက်တာ..ငါ..
ဒီနေရာမှာ..အသက်ရှုလို့ကို မဝဘူး..အပြင်
ပြန်ထွက်မှနဲ့တူတယ်..ဟဲ့..နင်က ဘာလုပ်နေတာလဲ..
ကားသွား နှိုးချေ..အခုသွားစမ်း..

သူမသည် မဆီမဆိုင် ကားသမားကို မောင်းမဲ
လိုက်ပြီး..နောက်ပင် လှည့်မကြည့်ဘဲ ထွက်သွား
လေတော့သည်။ မြင်ကွင်းကနေ ကားပျောက်သွားမှ
ဟေးဂျင်သည် ဆိုင်ထဲပြန်ဝင်လာပြီး ဆုဂျောင်းကို
နှစ်သိမ့်ဖို့ ကြိုးစားလိုက်သည်။ သူမသည်လည်း အတော်လေးကို စိတ်ဆိုးနေလေသည်။

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now