အပိုင်း(၅၅) ရွှေချထားသော ကြေးဗုဒ္ဓရုပ်ပွါးတော်၏ လျှို့ဝှက်ချက်-၃

35 4 5
                                    

#၅၅) ရွှေချထားသော ကြေးဗုဒ္ဓရုပ်ပွါးတော်၏
လျှို့ဝှက်ချက်-၃
#55)Secret of the Gilt Bronze Buddha-3
....................................................................
Translated to mm by AKM(MyinGyan)
....................................................................

စာချုပ်လား..ချုပ်လိုက်လေ..

ထိုလူသည် သူ့အိမ်ထဲက စက္ကူတစ်ရွက်သွားယူလာပြီး အရောင်အဝယ်စာချုပ်တစ်စောင်ကို ချက်ခြင်း
ကောက်ရေးလိုက်သည်။ ဟေးဂျင်ကလည်း
ချက်ခြင်းပင် ငွေချေလိုက်သည်။ အဲဒိနောက် ထိုလူကဟေးဂျင်ကို ကြည့်လိုက်သည်..သဘောက ရုပ်ပွါးတော် ယူပြီး ထွက်သွားတော့လို့ ဆိုသည့်
အဓိပ္ပါယ်ပင်..သို့ပေမယ့်..ဟေးဂျင်က ထွက်မသွား
သေးပါချေ။

ပစ္စည်းကိုယူပြီး ဒီအတိုင်းထွက်သွားရင်
ကျုပ်အလွန် ဖြစ်နေဦးမယ်..အဲဒိတော့ မသွားခင်
ဒါ..ဘာလဲဆိုတာ.ခင်ဗျားကို.ပြောခဲ့လိုက်ဦးမယ်..

အွန်ချေးယောက်ျားသည် ဟေးဂျင်ကို ထွက်သွား
တော့လို့ ပြောမလို့ပင်..ဒါပေမယ့် သူ့ပါးစပ်ကို
ပိတ်၍ ရုပ်ပွါးတော်ကိုသာ ကြည့်နေသည်။
ဟေးဂျင်က ထိုရုပ်ပွါးတော်ကို ဆယ်သန်းနှင့်
ဝယ်လိုက်ကတည်း သူ့မှာ သိချင်စိတ်တွေ
ပြင်းပြနေသည်။

ဗုဒ္ဓရုပ်ပွါးတော်၏ အမြင့်မှာ ရောင်ချည်တော်
စက်ဝန်းအပါအဝင် 20cm(၇.၈")ထက်တော့
မရှည်ပေ..ကိုယ်လုံးတော် သက်သက်ဆိုပါက
10cm(၃.၉")အောက် နည်းနည်းလျော့ပေမည်။

ချထားသောရွှေအများစုမှာ ကွာကျကုန်ပြီဖြစ်၍
ကြည့်ရတာ အတော်ကို အကျဉ်းတန်လှသည်။
ရွှေချထားသော ဤသို့သော ဗုဒ္ဓရုပ်ပွါးတော်မျိုးကို
အများသူငှါ သွားလာလေ့ရှိသည့် ဘုရားပုထိုး
များတွင် မြင်တွေ့နိုင်သည်ဖြစ်၍ ရှေးဟောင်းပစ္စည်းအကြောင်း အတော်ကြီးကို သိသူမှလွဲ၍
ထိုရုပ်ပွါးတော်၏ တန်ဖိုးကို လူအများက
မသိနိုင်ကြပါချေ..

ဤသို့သော ဗုဒ္ဓရုပ်ပွါးတော်များသည်
အနောက်တိုင်း ပန်းချီကားတွေလို ထူးထူးခြားခြား
လည်းမရှိသလို..ကြွေထည်ဖြူတွေ..ဆယ်လာ
ဒွန်တွေလိုလည်း ဆွဲဆောင်မှု မရှိကြပေ။

ထို့အပြင် လေးနက်သည့် ဘာသာရေးဆိုင်ရာ
အနှစ်သာရလည်း ရှိနေ၍ ဗုဒ္ဓရုပ်ပွါးတော် အားလုံးကို လူတိုင်းက ကြည်ဖြူစွာလက်ခံရန် ငြင်းဆိုလေ့
ရှိကြပါသည်။

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now