အပိုင်း(၇၁)အာရေဗီယံတော်ဝင်မင်းသား-၄

25 5 0
                                    

#၇၁) အာရေဗီယံတော်ဝင်မင်းသား-၄
#71)Deal with an Arabian Prince-4
...................................................................
Translated to mm by AKM(MyinGyan)
....................................................................
ဟ..မောင်ရင်..ဘာတွေပြောနေတာလဲ..ဘာ.တစ်ဒေါ် လာလဲကွ..
အန်သော်နီက အော်ကြီးဟစ်ကျယ် ပြောလိုက်တော့
ဟေးဂျင်သည် သူ့၏ မျက်လုံးများထဲ စိုက်ကြည့်ကာ
တည်တည်ငြိမ်ငြိမ်နှင့်ပင် စကားပြောလိုက်သည်။

ဘာလဲဗျ..ကျနော် ဒီပန်းချီကား သုံးကားကနေ
သန်းငါးဆယ်ထက် ပိုရအောင် မကြိုးစားရတော့
ဘူးလားဗျ..
ထိုစကားကလည်း မမှားပါချေ..ထို့ကြောင့်
အန်သော်နီသည် တဒင်္ဂခဏလောက် ပြန်မဖြေနိုင်ပဲ
ဖြစ်သွားသည်။ ထိုခဏမှာပင် မင်းသားဆန်မာဒီက
ခေါင်းညိတ်ပြလိုက်သည်။

မင်းသားက အဲဒါကို တစ်ဒေါ်လာနဲ့ ဝယ်မယ်တဲ့ဗျ..

အိုး..အဲဒါက မှန်ကန်တဲ့ ရွေးချယ်မှုပဲဗျ..

မင်းသားနှင့် သူ၏ရာဖြတ်ဖြစ်သူတို့မှာ
အခြေအနေတွေက ထူးခြားနေတာကို
သေချာပေါက် သိလောက်ပေမည်။
ဒါပေမယ့် သုတို့က ဘာမှ မေးမနေဘဲ
အရောင်းအဝယ်ကို ဆက်လုပ်သွားကြသည်။ 

ပန်းချီကားတွေက အန်သော်နီ ပိုင်သည့်
ကားတွေမှန်း ထင်ရှားလှသည်။ သို့ပေမယ့်
အာရှသား ရာဖြတ်ဖြစ်သူက ကို့ယို့ကားယား
ဈေးနှုန်းဖြင့် ကမ်းလှမ်းနေခဲ့သည်။

သူတို့သည် ၎င်းဈေးနှုန်းက ဟုတ်ရဲ့လား..
အဓိပ္ပါယ်မှ ရှိရဲ့လားလို့ မေးကိုမေးရပေမည်။
သို့ပေမယ့် သူတိုက ဟေးဂျင်..လုပ်ချင်တာ
လုပ်ခွင့်သာ ပြုလိုက်ကြသည်။

အန်သော်နီ့ မျက်နှာမှာ ယခုတော့ ရဲတွတ်နေချေပြီ။

ဟေးဂျင်က သူ့ဘက်လှည့်ပြီး မေးလိုက်သည်။

ဘယ်လိုလဲ..ခင်ဗျား..ရှေ့ဆက်လုပ်ရမှာလား..

အေးပါ..ငါက မင်းကို ဂတိပေးထားခဲ့တာကိုကွ..
ငါ့မှာ ဘာရွေးချယ်စရာများ ရှိတော့မှာလဲ..

အန်သော်နီသည် လက်လျော့လိုက်ချေပြီ..
သူသည် ဆိုဖာပေါ် သို့ ဘုန်းကနဲ ထိုင်ချလိုက်ပြီး
ဝိုင်အနည်းငယ် သောက်လိုက်သည်။ အဲဒါကို
မြင်တော့ လူဖြူရာဖြတ်ဖြစ်သူက ပြုံးသွားသည်။
ပြီးတော့..သူသည် အန်သော်နီ၏ အတွင်းရေးမှူးဆီ
သွားပြီး ငွေရေးကြေးရေးကိစ္စ စကားပြောဆိုကြပြီး
နောက် သူချေရမည့်ငွေကို ချက်ခြင်းပင် လွှဲပေး
လိုက်သည်။

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now