အပိုင်း(၆၆) အတိပ်၏ ခြေရာ-၁

29 3 0
                                    

#၆၆) အတိတ်၏ခြေရာ-၁
#66)Clue to the past-1
...................................................................
Translated to mm by AKM(MyinGyan)
....................................................................
ပထမတစ်ခါ ကြည့်လိုက်တော့ အဖိုးကြီး၏
ဆေးလိပ်ပြာခွက်မှာ သာမန်တွေ့နေကြ
ရွှေရည်စိမ် ကြေးနီ ဆေးလိပ်ပြာခွက် တစ်ခွက်နဲ့
တူနေသည်။ သူ့မှာ ထူးခြားသည့် ဘာနည်းပညာ
ပြချက်မှမရှိ..ပုံသဏ္ဍန်ကလည်း သာမန်မျှသာ
ဖြစ်သည်။
ထို့ထက်ပိုသည်က စက်ရုံတစ်ခုမှာ အကြမ်းထည်
အဖြစ်လုပ်ထား သကဲ့သို့ပင် လိုအပ်သည်ထက်
ပိုထူနေသည်။ ပြီးတော့ စိမ်ထားသည့် ဆေးတွေကလည်း ကွာကုန်ပြီဖြစ်ပြီး ထုတ်လုပ်သည့် ကာလကို မှန်းဆ
နိုင်မည့် ဘာခြေစလက်နမှ မရှိပါချေ။ယုတ်စွအဆုံး
ထိုဟာ...

ဟေ့..ဒီမယ်..ချည်ထားတဲ့ကြိုးက ဟောင်းနေပြီကွနော်...ဂရုတစိုက်နဲ့ ဖြေဦး..
ထိုစကားကြားမှ ဟေးဂျင်သည် ဆေးလိပ်ပြာ
ခွက်ပေါ် ကနေ သူမျက်လုံးများကို ခွါလိုက်နိုင်ပြီး
ပန်းချီကားလိပ်မှ ကြိုးထုံးကို ဖြေလိုက်သည်။

ထူးခြားလှပါလား ..သူ..ပန်းချီကားလိပ်ကို
ဖြေချလိုက်တော့ ပန်းချီကားပုံမှာ ဒေါင်လိုက်
မဟုတ်ဘဲ အလျှားလိုက်ပုံဖြစ်နေသည်။

ပန်းချီကားအောက်ပိုင်းတွင် ရေပြည့်လျှံနေသော
စမ်းချောင်းတစ်ခု၏ ကမ်းပါးတစ်လျှောက်
အမည်မသိသစ်ပင်များကိုတွေ့ရသည်။ အထက်
နည်းနည်းကျသည့်နေရာမှာ တောင်ကုန်းတွေ..
သက်ကယ်မိုး အိမ်လေးတွေနှင့် မိုးကုတ်စက်ဝိုင်း
ဆီမှာတော့ တောင်တန်းများကိုမြင်နိုင်ပါသည်။

နွေရာသီ၏ သဘာဝအလှကို စမ်းချောင်းအနီးရှိ
သစ်ပင်အရိပ် မဲမဲမှောင်မှောင်များနှင့်အတူ
သရုပ်ဖေါ် ရေးဆွဲထားသည်။ ထိုမဲမဲမှောင်မှောင်
အနက်ရောင်များက လူတစ်ယောက်၏အမည်ကို
သွားသတိရလိုက်စေလေသည်။ 

ဒါ..လီရှန်းဘုံ (Lee Sangbeom )ရဲ့လက်ရာပဲဗျ..

သူပြောတာကြားမှ အဲရစ်က လည်ဆန့်၍
ပန်းချီကားကို ကြည့်လိုက်သည်။

အရှေ့တိုင်းပန်းချီကားတွေက အနောက်တိုင်း
ကားတွေနဲ့ မတူတဲ့အငွေ့အသက် ရှိကိုရှိတယ်ဗျ..သရုပ်
မှန်ပန်းချီကားဆိုရင်တောင် ဘယ်လိုနည်း
နဲ့ဖြစ်ဖြစ် စဉ်းစားစရာရသ တစ်ခုခုတော့
ပေးတာချည်းပဲ..ဒါကို ခင်ဗျားက လီဆန်းဘုံရဲ့
လက်ရာလို့ ပြောလိုက်သလားဗျ..သူက နာမည်ကြီး
ပန်းချီဆရာတစ်ယောက်လား..

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now