အပိုင်း(၃၇)သီးသန့်လေလံပွဲ-၃

40 4 0
                                    

#(၃၇)သီးသန့်လေလံပွဲ(၃)
#37)Private Auction in the US-3
.......................................................................
ဒေါ် လာဆယ်သန်းနဲ့ငါးသိန်းပါခင်ဗျ...ဒိထက်ပိုပေး
သူရှိပါသလား....စိတ်လှုပ်ရှားနေသည့်ပွဲစီစဉ်သူမှာ
အခန်းထဲဝိုက်ကြည့်လိုက်ပြီးမကြာမတင်ပင်
သူ့လက်ထဲရှိတူကိုထုလိုက်သည်။

ဂုဏ်ယူပါတယ်ခင်ဗျား...ဒီပန်းချီကားကို
နှစ်လိုဖွယ်စရာကောင်းတဲ့လူရွယ်လေးပိုင်သွားပါပြီ။

သူ့ဈေးခေါ်ကပ်ပြားကိုတစ်စိုက်မတ်မတ်မြှောက်နေ
သည့်ဆံပင်အခွေအကောက်နဲ့လူဖြူမှာ
ပန်းချီကားကိုပိုင်သွားလေချေပြီ။

ခင်ဗျားကိုပြောခဲ့တဲ့စကားနှင့်အညီပေါ့လို့
ပြောလိုက်သကဲ့သို့ပင်..သူကအွန်ဟေးကိုကြည့်ရင်း
ပုခုံးကိုတွန့်ပြလိုက်သည်။

ဂုဏ်ယူပါတယ်ရှင်....
အွန်ဟေးကသူ့ကိုစိတ်မပါလက်မပါပင်
လက်ခုပ်တီးဂုဏ်ပြုလိုက်သည်။ထိုသူက
မတ်တပ်ရပ်လိုက်ပြီး လူအုပ်ကြီးကို
ကျေးဇူးတင်ကြောင်ပြကာပြန်ထိုင်လိုက်သည်။
အဲဒိနောက် ဆီလိုပြစ်ချွဲချွဲ အသံဖြင့်စကား
ပြောလာသည်။
အမျိုးသမီးတွေကိုဦးစားပေးပါတယ်လို့
ကျနော်ပြောသားပဲ...ဒါပေမယ့်..ခင်ဗျားက
ကပ်ပြားကိုမြှောက်မှမမြှောက်တာကို...ဒါနဲ့ပဲ
ကျနော်အဲဒိကားကိုအရယူလိုက်တာဗျ...
ခင်ဗျားအဲဒိကားကိုကြည့်ချင်ရင်
ကျနော့်အိမ်ကြီးရခိုင်ရှိရာဆီကို
အချိန်မရွေးလာနိုင်ပါတယ်နော်...
ထူးထူးခြားခြားပန်းချီကားတွေက
ခင်ဗျားကိုဆီးကြိုနေပါလိမ့်မယ်ဗျာ...
အိုး..ဘုရားရေ..ကျနော်ခင်ဗျားကို
ကျနော့်နာမည်တောင်မပြေားရသေးပါလား...
ကျနော်ကအဲရစ်ဟော်တန်ပါခင်ဗျာ....

အို..ကျမအဲဒါတွေမကြည့်ချင်ပါဘူးရှင်...လို့
အွန်ဟေးကပြောလိုက်သည်။
ပန်းချီကားမှာအတုကြီးမှန်း..ဟေးဂျင်ဆီက
သူမကြားပြီးချေပြီ..သို့ကြောင့်ပင်
မြောက်ကာကားနဲ့ထိုလူ...စိတ်အနှောက်
အယှက်ဖြစ်သွားသည်ကို
သူမမြင်လိုက်ရလေသည်။
သို့ပေမယ့်..ထိုလူက ယင်းမှတ်ချက်ကို
ကြိုဆိုလိုက်ပြီး..သံသေးသံညှောင်ဖြင့်
ဗလုံးဗထွေးတွေဆက်ပြောနေသည်။

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now