အပိုင်း(၁)။မထင်မရှားကျောက်သားမြေတိုက်တနေရာ.+အပိုင်း(၂) မျိုရိုးဆိုတာ မတိမ်ကော..

1.3K 12 0
                                    

အပိုင်း(၁)+(၂)
1)"Artifact Reading Inspector"
Author:YOUNGWAN
Translated by AKM(MyinGyan)
Source:Webnovel app
#ရှေးဟောင်းပစ္စည်းမှော်သခင်
..................................................
1.Inside the unknown stone chamber
အပိုင်း(၁)။မထင်မရှားကျောက်သားမြေတိုက်တနေရာ...
,...........................................................

ပိန်းပိန်းအောင်မှောင်နေ‌သော ကျောက်သားမြေတိုက်ခန်းသည် နဂိုဟန်အနေအထား
မရှိတော့ပဲ အပျက်အစီးအမှိုက်
သရိုက်များဖြင့်ရှုပ်ပွလို့နေသည်။ ဟိုနားတစ်နေရာ ဒီနားတစ်နေရာဆိုသလိုပင်
မြေကြီးများကိုလည်းတူးဖေါ်ခံထားရသည်။
နံရံမှာချိတ်ဆွဲထားသော လယ်အီးဒီ မီးသီးမှဖြာကျလာသော အလင်းရောင်သာမရှိလျှင် ကိုယ့်လက်ကိုပင်
မြင်နိုင်စရာမရှိပါ။

ဟေး..ပက်..ဘာလုပ်နေတာလဲ
ငါတို့အပြင်ပြန်ထွက်ရအောင်။

ခပ်တိုးတိုး‌ပြောလိုက်သော ထိုအသံမှာ
အလောသုံးဆယ်နိုင်လှသည်။
ယန်ဆောက်က နောက်ကိုခဏလှည့်ကြည့်ပြီး ချက်ချင်း
ပင်ရှေ့သို့ ပြန်လှည့်လိုက်သည်။အိပ်‌ရေးပျက်လို့
နီရဲနေသောမျက်လုံးများဖြင့် အမှောင်ထဲရှိ မြေပုံပေါ်
စိုက်လို့ ကြည့်နေသည်။

"ဟိုနားမှာ တစ်ခုခုရှိ‌တယ်"

အသံတစ်ခု။သူ့ကိုခေါ်လိုက်သလိုပင် ခံစားလိုက်ရသည်။ပထမတော့ ထိုအသံက ‌တစ်ယောက်ယောက်က တစ်စုံ
တစ်ခုကို ကိုက်ဖြတ်နေသံလို။ဒါပေမယ့် သူဆက်နား
ထောင်ကြည့်တော့ ထိုအသံကသူ့ကိုပြောနေသလိုခံစားမိသည်။
တစ်စုံတစ်ရာက သူ့ကိုပိုင်စိုးခဲ့သလိုမျိုး
တူရွင်း သို့မဟုတ် ဝါးချွန်လို တူးစရာမပါပဲ လက်ဗလာ
ဖြင့်ပင် မြေကြီးများကို
သူစတင် တူးဆွနေသည်။ မြေကြီးထဲကပစ္စည်းရှိတဲ့နေရာ‌ကို အတိအကျသိ‌နေသလိုမျိုး သူ့လက်များက
နှောင့်နှေးလေးကန်ခြင်းမရှိပဲ လှုပ်ရှားနေသည်။မြေကြီး‌အောက်မှာ
ဖုန်းကွယ်နေသောပစ္စည်းကို ထိခိုက်ပျက်စီးသွားမှာ
အတွက်လည်း  ပူမနေ။
ပူပင်ဖို့ပင် သတိမရ။

ဟေ့..ပက်..ရဲတွေလာနေပြီကွ..
မင်း..ရူးနေပြီလား..ထွက်တော့..ထွက်တော့
ခဏ‌လေးနေဦး...ခဏလေး..

နောက်ဖက်က သူ့ကိုအလောသုံးဆယ်ခေါ်‌နေတာမို့..သူ့မှာ..ခဏနေဦးလို့သာပြန်ပြောနိုင်သည်။

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now