အပိုင်း(၆၀)ဘာတွေဖုံးလို့ ဘာတွေဖေါ် -၄

37 5 0
                                    

#၆၀) ဘာတွေဖုံးလို့ဘာတွေဖေါ် -၄
#60)What is hidden,what is revealed ?-4
...................................................................
Translated to mm by AKM(MyinGyan)
....................................................................
ရူယိုလား..အဲဒါက..ဘာလဲကွ..

ဟေးချွယ်တစ်ယောက် မျက်မှောင်ကုတ်ခါ..
ဘာ့ကြောင့်ထိုသို့​မေးရသည်ကို ဟေဂျင်..နားလည်နိုင်ပါသည်။သူလိုလူက ရူယိုဆိုတာကို
ဘယ်လိုသိနိုင်ပါ့မလဲ...ရူယို..သို့မဟုတ်..ရူဂွမ်ညို
ဆိုသည်မှာ မြောက်ပိုင်း စုန် ခေတ်ကာလနှောင်းပိုင်းက တည်ရှိခဲ့သော ကြွေဖုတ်ဖို အမည်ဖြစ်ပါသည်။

ရာသီဥတုက သိက်ပူလှတယ် မဟုတ်ပေမယ့်
ရူယိုအကြောင်း ရှင်းပြနေသော အိုဂျေဖီလ်း
တစ်ယောက်မှာတော့ ချွေးပြန်နေရှာသည်။

ထိုကြွေဖိုသည် တရုတ်ပြည်ရှိ ထိပ်တန်းကြွေဖို
ငါးဖိုအနက်မှ တစ်ဖိုဖြစ်ပြီး ဧကရာဇ်နန်းတော်မှ
စီမံကွပ်ကဲလုပ်ကိုင်သည့် ပထမဦးဆုံးသော
အစိုးရကြွေဖိုဖြစ်ကာ ထူးကဲသည့် အရည်အသွေး
ရှိသည့် ကြွေထည်များကို ထုတ်လုပ်နိုင်စွမ်းရှိလေ
သည်။ ရူယိုမှာ စုန်ခေတ်၏ ဒဿနအတွေးအခေါ်
နှင့် အလှတရားများ အားလုံးပါသည်ဟုပင်
ပြောကြဆိုကြသည်။
ယွမ်မင်းဆက်၏ တိုက်ခိုက် ဖျက်စီးခြင်းကိုခံခဲ့ရ
သည့် စုန်မင်းဆက်ကို အားနည်းသည့် မင်းဆက်
လို့ပင် ကောက်ချက်ချဖို့ လွယ်ကူပါသည်။
သို့ပေမယ့် တကယ်တော့ စုန်မင်းဆက်သည်
အင်အားကြီး နိုင်ငံတစ်ခုဖြစ်ပြီး မွန်ဂိုအင်ပါယာကို
နှစ်လေးဆယ်ကျော်တိုင် အံတုရပ်တည်နိုင်ခဲ့သည့်
တိုင်းပြည်တစ်ခုဖြစ်ပါသည်။
ထို့ပြင် စုန်မင်းဆက်ကာလအတွင်း ကုန်သည်များ
အနေဖြင့် ဈေးရောင်းရန် သတ်မှတ်အချိန်ကာလကို
လိုက်နာရောင်းချနေရသည်မှ ကိုယ်ရောင်းချင်သည့်
အချိန် ရောင်းချလို့ ရလာသည့်အတွက် အိမ်များနှင့်
ဈေးဆိုင်များမှာ တပေါင်းတစ်စည်းတည်းဖြစ်သွား
ကြသည်။ ထို့ကြောင့်ပင် ဓလေ့ထုံးတမ်းယဉ်ကျေး
မှုများသည်လည်း ထူးထူးကဲကဲပင် ဖွံ့ဖြိုးတိုး
တက်လာခဲ့သည်။
စုန်မင်းဆက်မတိုင်မှီက ဆွေကြီးမျိုးကြီးအထက်တန်းစားများသာ စံစားခွင့်ရှိသော လှေစီးခြင်း..သစ်ပင်ပန်းမန် အလှခံစားကြည့်ရှုခြင်းကို
သာမန်လူတန်းစားများအနေဖြင့် ပျော်ရွှင်ခံစားခွင့်
ရလာခဲ့သည်။
ထို့အပြင် ထိုစုန်ခေတ်တွင် သာမန်လူတန်းစားများတောင် အလီလီအလာလာ အပြင်ထွက်ကာ စားကြသောက်ကြ
သည့်အတွက် အစားအစာဟင်းလျာများနှင့် ဟင်းချက်
ပစ္စည်းအမယ်များသည် စတင်ဖွံဖြိုး
တိုးတက်လာသည့်အတွက်ကြောင့် ကြွေထည်
ပစ္စည်းများသည်လည်း အသုံးတွင်ကျယ်လာခဲ့သည်။
ရူယိုဆိုသည်မှာ ဤကဲ့သို့သော စုန်ယဉ်ကျေးမှုများ
စုဝေးရာနေရာဖြစ်ပါသည်။

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now