အပိုင်း(၄၆)တူးဖော်ခြင်း၊စုဆောင်းခြင်း-၅

36 5 1
                                    

#၄၆) တူးဖော်ရေး ၊စုဆောင်းခြင်း(၅)
#46) Excavating and Colletcting- 5
....................................................................
အာ..ခင်ဗျားတို့..ဘာကိုဆိုလိုတာလဲဗျ..
ကျနော်တို့ ဆုံခဲ့တဲ့သူက..မင်ဇိုတာရု အတွက်
အလုပ်လုပ်နေသူလားဗျ..
ဟုတ်တယ်ဗျ..သူက ..မင်ဇိုတာရုအတွက်
အလုပ် လုပ်နေတဲ့သူပဲ..သူက အတော်အရေးပါ
တဲ့သူ တစ်ယောက်ဗျ..

ဂေ့..
ထိုလူ့ထံမှ..ဂျို့ထိုးသံ စ ..ပေါ်လာသည်။ သူသည်
ရေအေးအနည်းငယ်ကို အလျင်စလို မျိုချကာ
မတ်တပ်ထရပ်လိုက်သည်။

ဆောရီးပါဗျာ..ကျနော်သွားရတော့မယ်ဗျ..

အိုး..ဟုတ်ကဲ့..နောက်ကျနေပြီးပဲ..ဟုတ်တယ်
မလား..အရောင်းအဝယ်အောင်မြင်တဲ့အတွက်
ကျေးဇူးပဲဗျနော်..
အာ..မဟုတ်တာ..ကျနော်က ကျေးဇူးတင်ရမှာပါဗျာ..
ထိုသူသည် သူ့ ဂျက်ကက် အ င်္ကျီကို ကပြာကယာ
ဝတ်လိုက်ပြီး ..ကသောကမျောနှင့်ထွက်သွားသည်။
သူသည် မူးနေတာမို့လို့ ကားမမောင်နိုင်ပါချေ..ထို့ကြောင့် သူ့ ဒရိုင်ဘာ ဖြစ်သူကိုလှမ်းခေါ်လိုက်သည်။
သို့သော် ဒရိုင်ဘာဖြစ်သူက လာတာနောက်ကျနေတာကြောင့်..သူ့ကားကို ပစ်ထားခဲ့ပြီး တက္ကစီတစ်စီး
ငှါးကာ ထွက်သွားလေတော့သည်။

ထိုအဖြစ်ကို မြင်နေရသည့် ဗြောင်ဂွတ်က..
ရယ်ချလိုက်သည်။
ဟားဟားဟား..ဒီလူတော့..ဒုက္ခကောင်းကောင်း
ရောက်ပြီဟေ့..
ဟုတ်တယ်..ဦလေးရေ..အခု လုပ်စရာ ကျန်တာ
ဆိုလို့..ဟိုနှစ်ယောက် ရန်ဖြစ်တာ စောင့်ဖို့ပဲရှိ
တော့တယ်ဗျ..

ဒါပေမယ့်ကွာ..အဲဒိအတုက ပညာသားပါလွန်း
တော့..အတုဆိုတာ..သက်သေပြဖို့ ခက်လိမ့်
မယ်ကွ..ငါတို့ သေမယ့်အချိန်ထိ အတုမှန်း
သက်သေ ထုတ်မရရင် ဘယ်လိုလုပ်မလဲကွ..

ဗြောင်ဂွတ်..စိုးရိမ်တာ အဓိပ္ပါယ် ရှိပါသည်။
သို့သော် မှော်ကြေးမှုံတွင် ဟေးဂျင်မြင်ခဲ့ရသည့်
အတိတ်က အဖြစ်အပျက်မျာအရ ပြောရမည်ဆို
ပါလျှင်..ထိုကိစ္စပေါ် ပေါက်ဖို့ သူတို့ သိပ်မကြိုး
စားလိုက်ရပါချေ။
အဲသလိုလဲ..မဟုတ်သေးဘူး ဦးလေးရတကယ်လို့..မင်ဇိုတာရုက အဲဒိကြွေထည်ရဲ့
အစိတ်အပိုင်း တစ်စကို အင်္ဂလန်နိုင်ငံ အောက်စ်ဖို့
ကို ပို့ပြီးစစ်ခဲ့ရင်တော့ ရလဒ်အဖြေက အတု
ဖြစ်ကြောင်း သက်သေထွက်လာမှာပဲဗျ..ကျနော့်
အထင်တော့..သူတို့လှည့်စားချက်က TL sensorလို့
ခေါ်တဲ့ သာမိုလူမီနေဆန့် အာရုံခံကိရိယာကို
အရူးလုပ်နိုင်လောက်အောင်တော့ မပီပြင်
ပါဘူး..ဦးလေးရ..

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now