အပိုင်း(၁၆)မှတ်တမ်းမှတ်ရာမရှိသည့်အမွေ-၁

83 6 0
                                    

အပိုင်း(၁၆)
16.Unrecorded Legacy(1)
မှတ်တမ်းမှတ်ရာမရှိသည့်အမွေ-၁
,................................................................
တရုတ်ပြည်....ဘေဂျင်း....

ဒီပစ္စည်းက အဲဒိဂူသင်္ခြိုင်းကရခဲ့တာလား...

တရုတ်အမျိုးသားယဉ်ကျေးမှုဗြူရိုရာဖြတ်ကော်မတီအကြီးအကဲဖြစ်သူ.."လီရှယန်"က
အမဲရောင်သစ်သားသေတ္တာကိုအချိန်အတော်ကြာစိုက်
ကြည့်နေသည်။
ရှေးဟောင်းပစ္စည်းစီမံရေးရာဌာနမန်နေဂျာဖြစ်သူ
"ယန်ချွန်"သည် သေတ္တာကိုပွတ်သပ်နေသည့်
လီရှယန်၏လက်များကို​​ကြည့်နေမိသည်။

ဟုတ်တယ်...အထဲမှာတစ်ခုခုရှိလို့သူတို့
ဒီသေတ္တာကိုထားခဲ့တာလို့ကျနော်ထင်တယ်..
အဲဒါဘာဆိုတာကိုကျနော်သိရမှဖြစ်မယ်..

မင်းကဘာ​ကြောင့်အဲဒါကိုစိတ်ဝင်စားနေရတာလဲ...
မျှော်လင့်မထားတဲ့မေးခွန်းကြောင့် ယန်ချွန်း
မျက် မှောင်ကုတ်လိုက်သည်။
သိချင်ရုံသက်သက်ပါ...အဲဒိသင်္ခြိုင်းဂူကနေ..ခန့်မှန်း​​​​​ ခြေ အနည်းဆုံးရှေးဟောင်း
ပစ္စည်းအမျိုးသုံးဆယ်လောက်ခိုးထုတ်ခံရတယ်..ပြီးတော့..ဒီ..ထူးဆန်းတဲ့သေတ္တာကိုသူတို့
ချန်ထားခဲ့တယ်..ဒါ ကြောင့် အထဲကပစ္စည်းဟာ
ကျနော်တို့နိုင်ငံရဲ့အဖိုးမဖြတ်နိုင်တဲ့အမွေအနှစ်
ကြီးကြီးမားမားတစ်ခုဖြစ်ရမယ်..ဒါကိုကျနော်တို့
ချက်ခြင်းခြေရာခံလိုက်ကြည့်ရမယ်...

ယန်ချွန်းမှာအတော်လေးဒေါသထွက်နေသော်လည်း.
.လီရှယန်ကတော့..ငြီးငွေ့သည့်မျက်နှာပေးဖြင့်သေတ္တာကိုအောက်ချလိုက်သည်။

ဒီသေတ္တာထဲကပစ္စည်းကတစ်မူထူးခြားနေတာလောက်ပဲရှိတာပါ...ဘာမှမဟုတ်ပါဘူး...
သေတ္တာမှာပါတဲ့ဒီဇိုင်းသင်္ကေတက ကုမုဒြာကြာဖြူ
ဘာသာရေးဂိုဏ်းကိုယုံကြည်သက်ဝင်သူတွေမကြာခဏအသုံးပြုလေ့ရှိတဲ့သင်္ကေတတစ်မျိုးပဲ..
ဒီမှာကြည့်...

လီရှယန်က စာအုပ်စင်ရှိစာအုပ်များကြားကနေ
စာအုပ်တစ်အုပ်ကိုဆွဲထုတ်ပြီးယန်ချွန်းရှေ့ချလိုက်သည်။
ဟမ်..
ယန်ချွန်းကစာအုပ်ကိုဂရုတစိုက်ဖွင့်ကြည့်လိုက်သည်။
အဖြူအမဲဓါတ်ပုံတစ်ဒါဇင်ခန့်ကြား၌
သေတ္တာပေါ်ရှိဒီဇိုင်းအမှတ်အသားနှင့်ခပ်ဆင်ဆင်ဒီဇိုင်းတစ်ခုကိုတွေရသည်။
ခပ်ဆင်ဆင်ပဲ...အာ..မဟုတ်ဖူး..အတူတူပဲလို့
ပြောရမယ်ထင်တယ်...

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now