အပိုင်း(၂၇)ရတနာသ​င်္ဘောမှရှေးဟောင်းပစ္စည်း-၁

57 5 0
                                    

#အပိုင်း(၂၇)ရတနာသင်္ဘောမှရှေးဟောင်းပစ္စည်း (၁)
#27.Artifact of treasure Ship(1)
.......................................................................
​ဟေးဂျင်သည် ဂန်ဆု၏အမေးကို..ဖြေရန်ပြင်နေစဉ်မှာပင်..ဂျေဖီလ်းကသူ့ကိုတွန်းဖယ်ရင်းပန်းချီကားနားသို့
ကပ်လာသည်။ထို့နောက်ပန်းချီကားအပေါ်ဘက်ဆီသို့
စိုက်ကြည့်ပြီးမကြာမတင်ပင်ညည်းသံတစ်ချက်
ထွက်လာသည်။
"​ဗြန်"..အဲဒါ.."ဗြန်"ဆိုတဲ့စကားလုံးပဲ..အပေါ်ပိုင်းက
ပျက်နေပြီ..သစ်ပင်ကကွယ်နေလို့ ..ဒါကို..အရင်ကက..သတိမထားမိခဲ့ကြဘူး..

ဟုတ်တယ်..သက်ငြိမ်တောင်တန်းများနှင့်သူရိယနေမင်းစီးရီးထဲက....အခြားပန်းချီကားတွေလိုပဲ...
ဒီပန်းချီကားမှာလည်း..ယွန်ဟန်ဂျီ..ရဲ့ကဗျာထဲက..
လင်္ကာတစ်ပိုဒ်ပါတဲ့..အဖြူရောင်ဗြောင်နေရာလွတ်
တစ်ခု..ကားအပေါ်ပိုင်းမှာပါရမှာဗျ...
သို့သော်လည်း..ဒီပန်းချီကားကိုပိုင်ခဲ့တဲ့သူက..အဲဒိအပိုင်းကိုဖြတ်ထုတ်ပြစ်တယ်ထင်တယ်....အဲဒိလူက..ပန်းချီကားအကြောင်းသိပ်မသိလို့ရင်လည်းဖြစ်မယ်..ဒါမှမဟုတ်..ပန်းချီကားကိုရှည်လွန်းတယ်ထင်လို့လည်း..ဖြစ်မယ်ဗျ...
ဒါပေမယ့်..အပေါ်ပိုင်းကိုအနီးကပ်ကြည့်လိုက် မယ်ဆို
ရင်တော့...စာလုံးအားလုံးမပျက်သေးဘူးဆိုတာကိုတွေ့ရမှာပဲ...သုံးပုံတစ်ပုံလောက် ဖြတ်ထုတ်ခံထားရပြီး..ကျန်တဲ့အပိုင်းကလည်း..မှိန်နေတာဆို
တော့..သတိထားမိဖို့့မလွယ်လှဘူး..ပြီးတော့..
တစ်ပင်တည်းပါတဲ့သစ်ပင်ရှည်ကလည်း..အဲဒိစာလုံးအပေါ်လွှမ်းနေလိုက်သေးတယ်...
အနီးကပ်မကြည့်မိဘူးဆိုရင်တော့..
အဲဒါဟာစာလုံးလား..ပန်းချီကားရဲ့အစိတ်အပိုင်းတစ်ခုလားဆိုတာကို..ခင်ဗျားအနေနဲ့..သဲသဲကွဲကွဲ
ပြောနိုင်မှာမဟုတ်ဖူး...ဒါပေမယ့်..ခင်ဗျား..အဲဒါဟာစာလုံးမှန်း..သေချာ သွားပြီ ဆိုရင်တော့..ဘယ်လိုစာလုံးမျိုးဆိုတာကိုလည်း.ကျိန်းသေ သိနိုင်တယ်ဗျ..

ဂန်ဆုသည်.နဖူး၌ဆို့လာသောခြွေးများကိုသုတ်လိုက်ပြီး..ခါထုတ်လိုက်သည်။
ဟုတ်တယ်နော်..တကယ်တော့လည်း..​"ဗြန်" ဆိုတဲ့စကားလုံးလေးတစ်လုံးလောက်နဲ့ဘယ်လိုတပ်အပ်ပြောနိုင်ပါ့
မလဲလို့..ခင်ဗျားတို့တွေးမိမှာပဲ..
ဒါပေမယ့်..ပန်းချီကားရဲ့ရှုခင်း..ပန်းချီကားရဲ့အငွေ့
အသက်တွေက..သက်ငြိမ်တောင်တန်းများနှင့်သူရိယ
နေမင်းစီးရီးထဲကအခြားကားတွေနဲ့အတော်လေး
တူတယ်ဗျ..
ဒါဟာ..ပဟေဠိရဲ့အဖြေတစ်စွန်းတစ်စဘဲ...အဲဒိရှုဒေါင့်ကကြည့်မယ်ဆိုရင်..ပြီးတော့..နောက်ဆုံးစာလုံးက
"ဗြန်"ဖြစ်တယ်ဆိုရင်...အဲဒါဟာ..ကဗျာလင်္ကါထဲက..""အဖန်ရည်လေးတဖန်ထပ်မော့လိုက်..စမ်းချောင်းကလေးအနား..လမ်းကလေးထလျှောက်လိုက်""ဆိုတဲ့
အပိုဒ်ရဲ့တစ်ပိုင်းတစ်စလို့ကျနော်ထင်တယ်....ဒီပန်းချီကားကိုယ်နှိုက်ကိုက..အဲဒိကဗျာစာပိုဒ်ကို..သူ့အလိုလို
ပင်ကျနော့်ကိုသတိရစေမိတယ်ဗျာ..
ဒီပန်းချီကားကိုကြည့်နေစဉ်တုံးကတော့..အီအင်မွန်းကို..အမှတ်မရမိဘူး..ဒါပေမယ့်...သက်ငြိမ်တောင်တန်းများနှင့်သူရိယနေမင်းစီးရီးထဲကအခြားပန်းချီကားတွေနဲ့နှိုင်ယှဉ်ကြည့်မိလိုက်တဲ့အခါမှာတော့..အဲသလိုအမှတ်မရမိတာကိုပဲ..ကျနော့်မှာ
စိတ်မကောင်းဖြစ်မိတယ်ဗျာ...
ဒီကားက..ပျောက်ကွယ်နေတဲ့ပန်းချီကားလေးကားထဲက..ဆဌမမြောက်ကားဖြစ်လိမ့်မယ်ထင်တယ်..
အင်း..အဟုတ်ပဲဗျ..ဒါ..အီအင်မွန်းရဲ့သက်ငြိမ်တောင်တန်းများနှင့်သူရိယနေမင်းစီးရီးထဲက..ဆဌမမြောက်ပန်းချီကားပဲဗျ..
ဂန်ဆုစကားအဆုံးမှာ..လူအများကလက်ခုပ်တီးကြသည်...
ဖြောင်း..ဖြောင်း..ဖြောင်း...

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now