အပိုင်း(၄၄) တူးဖော်ခြင်း၊စုဆောင်းခြင်း-၃

36 6 1
                                    

#၄၄) တူးဖော်ခြင်း ၊စုဆောင်းခြင်း(၃)
#44) Excavating and Colletcting- 3
....................................................................
ထိုကြွေထည်ကို လွန်ခဲ့သည့် ငါးနှစ်ခန့်က
ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး..ဤနေရာ၌ လာရောက်
မြှပ်နှံထားသည်မှာ ယခင်နှစ်နှစ်ခန့်က  ဖြစ်ပေသည်။ သို့ရာတွင် ထိုကြွေထည်ကို ကိုးရီးယား၌ ထုတ်လုပ်ခဲ့ခြင်း မဟုတ်ပဲ တရုပ်နိုင်ငံ ကျန်းရှီ
ပြည်နယ်..ကျန်းဒန်ရှန့်အရပ်မှ  ထုတ်လုပ်ခြင်း
ဖြစ်ပါသည်။
ဟေးဂျင်ကို အထင်ကြီး အံ့ဩစေခဲ့သည့် အံ့ခမန်း
အတုဖန်တီးမှု လက်ရာတစ်ခုပင်တည်း။

တရုပ်ပြည်၏ ရှေးဟောင်းပစ္စည်း အတုဖန်တီးမှု
နည်းနာနိသယျတွေမှာ  ဩချလောက်ပြီး
ကမ္ဘာတွင် ထိပ်တန်းအဆင့်၌ ရှိပါသည်။

ကြွေထည်မြေထည် ကဏ္ဍတစ်ခုတည်း၌
ပင်လျှင် ကျန်ဒန်ရှန့်နေ လူဦးရေ တစ်သန်းလေးသိန်း၏ ၆၀% ကျော်သည် အဆိုပါလုပ်ငန်းကို လုပ်ကိုင်ကြပြီး ထိုဒေသမှ နှစ်စဉ် ကြွေထည်
တစ်သောင်းကျော်ထုတ်လုပ်နိုင်၍ ဝင်ငွေခွန်ပင်လျှင်
တစ်နှစ်လျှင် ဒေါ်လာတစ်သန်းကျော် ရှိပါသည်။

သို့သော် ထို့ထက်အရေးကြီးသည့်အချက်မှာ
ထိုပစ္စည်းများ၏ ၈၀ % ကျော်မှာ အတုများဖြစ်နေခြင်း
ပင်တည်း။
ဂယ်လာရီပိုင်ရှင်များ...အလယ်အလတ်လူတန်းစား
များ ..ရဲများနှင့် ဒေသခံများ အပါအဝင် အားလုံးက ထိုအချက်အလက်များကို သဘောတူကြပြီး
တစ်ချို့ကဆို ၉၅ % လောက်ပင် ရှိသည်ဟု
ဆိုကြပါသည်။

ဟိုနားမှာလည်း ရှိသေးတယ်...

ထိုလူက..သူ့ကို လုပ်ငန်းခွင်၏ အနောက်ဖက်ဒေါင့်
ဆီ ညွှန်ပြနေ၍ လှမ်းကြည့်လိုက်တော့ မြေကြီးထဲက
ပြူထွက်နေသော နောက်ထပ် ကြွေထည်တစ်ခုကို
တွေ့လိုက်သည်။
ခင်ဗျား..ဘယ်နှစ်ခုလောက် တွေ့ထားသေးလဲ..

နောက်ထပ် နှစ်ခု တွေ့ထားသေးတယ်ဗျ..

အိုးဟိုး..ဆရာကြီးရေ..ခင်ဗျားရဲ့ ဘိုးဘေးဘီဘင်
တွေကတော့....မစနေပြီဗျ..နော..
သူတို့က..နောင်လာနောင်သားတွေ အကျိုးများမယ့်
နေရာကိုမှ ရွေးမြှပ်ခဲ့တာပဲ ဖြစ်ရမယ်ဗျ..

ဟားဟား..ဟုတ်တာပေါ့ဗျာ..ကျနော့် ဘိုးဘေးတွေရဲ့..စောင်မမှုကို ကျေးဇူးတင်ရတော့မှာပေါ့ဗျ..
ဒါနဲ့..အဲဒါက..ဘယ်လောက်တန်ကြေးရှိလဲဗျ..

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now