အပိုင်း(၆၃) ဂျာမဏီကြွေထည်(စပီးဘယ်မူစတာ)-၁

26 2 0
                                    


#၆၃) ဂျာမဏီကြွေထည်(စပီးဘယ်မူစတာ)-၁
#63)Zwiebelmuster-1
...................................................................
Translated to mm by AKM(MyinGyan)
....................................................................

ဟာ..ဒု-ဥက္ကဌကြီး..ဘာကိစ္စ...."

ဆန်းဂျွန်ဘေးမှာတော့ အွန်ဟေး..ဟိုယွန်နှင့်
ဟွာဂျင်အုပ်စု၏ ဘုတ်အဖွဲ့ဝင်တွေ လို့ယူဆရသည့်
နောက်လိုက်နောက်ပါ အနည်းငယ်ကို တွေ့ရသည်။
သူတို့ကြည့်ရတာ ပြတိုက်ဝင်ခွင့် လက်မှတ်ကို
ကြိုတင်ဝယ်ခဲ့ပုံရပါသည်။

ဘာကိစ္စလဲ..ဟုတ်လား..ဟားဟား..ဒါက ပီကာဆို
ပန်းချီကားကို ကြည့်ရမယ့် အခွင့်အရေးတစ်ခု
မဟုတ်လားကွ..ဒါပေမယ့်..ဒီမှာက လူတွေ
များလွန်းလို့ ငါလုပ်နိုင်တာ ဘာမှမရှိပါဘူးကွာ..

သူပြောလိုက်မှဘဲ.. တစ်ချို့လူတွေက ဆန်းဂျွန်တို့ အုပ်စုကို စောင်းငဲ့ကြည့်နေကြသည်ကို ဟေးဂျင် တွေ့ရသည်။ သို့ပေမယ့်အများစုကတော့ သိပ်ဂရု
မ​စိုက်ကြပဲ ပန်းချီကားနှင့် ဆယ်လာဒွန်ကြွေ
ထည်များကို ကြည့်ရှု့ခံစားနေကြသည်။

ဟားဟား..တကယ်ပဲလားဗျ..ဒါဆိုလည်း
လူကြီးမင်းအတွက် ကောင်းသောအခါသမယ ဖြစ်ပါစေဗျာ...
ဟေးဂျင်သည် ထိုစကားမျှလောက်ဖြင့်
ထွက်သွားရန် လုပ်လိုက်သည်။ သို့ပေမယ့်
ဆန်းဂျွန်က သူ့ကိုအသွားမခံပါချေ..

ဟ..မောင်ရင်က အလုပ်များနေတာလားကွ..
လက္ဖက်ရည်လေး ဘာလေးများ မတိုက်တော့ဘူး
လားကွ..ဟေ..မတွေ့ရတာတောင် အတော်ကြာမင့်
ဟာကို..

ဟေးဂျင်သည် မတိုက်တော့ဘူးလို့ပင် ပြောလိုက်
မလို့ပင်..သို့ ပေမယ့် ဆန်းဂျွန်နှင့် ယှဉ်ဆိုင်လိုက်ဖို့
သာ..ဆုံးဖြတ်ချက်ချလိုက်သည်။

ဟာ..တိုက်မှာပေါ့..ကျေးဇူးပြုပြီး ကျနော့်ရုံးခန်းကို
ကြွပါခင်ဗျာ..
ရုံးဝန်ထမ်းတစ်ဦးက ဆန်းဂျွန်ကို မြင်သွားပြီး
အတော်ကြီးအံ့အားသင့်သွားသည်။ သူမသည်
သူတို့အတွက်လက္ဖက်ရည်ယူလာတော့ လက်တွေ
ဘာတွေတောင် တုန်နေရှာသည်။ ကလေးမမှာ
ငယ်ရွယ်သေးသူဖြစ်ခြင်း..TV ထဲတွင်သာ
မြင်ဖူးသည့် ဒု-ဥက္ကဌ ဖြစ်သူကို သူမရှေ့တွင်
အနီးကပ်တွေ့နေရခြင်းတို့ကြောင့် သူမ၏
အံဩတကြီး စိတ်လှုပ်ရှားမှုကို နားလည်ပေးလို့
ရပါသည်။

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now