အပိုင်း(၇၃) လူဗာ အဘူဒါဘီပြတိုက်ခွဲ-၂

23 2 1
                                    

#၇၃) လူဗာပြတိုက်-အဘူဒါဘီ-၂
#72)Louvre Abu Dhabi-2
...................................................................
Translated to mm by AKM(MyinGyan)
....................................................................
အရှင်မင်းသား..ဘာကိုဆိုလိုတာလဲဗျ..
အလ္လာအရှင်မြတ်၏ အလိုတော်..ဆိုသည့်စကားက
ဟေးဂျင်ကို အလန့်တကြားဖြစ်သွားစေပါသည်။

လူဗာ အဘူဒါဘီ ပြတိုက်ခွဲက ဆာအာဒီအတ်ကျွန်းရဲ့ ယဉ်ကျေးမှုခရိုင်မှာ ဆောက်လုပ်ခဲ့တဲ့ ပြတိုက်
သုံးခုအနက်က တစ်ခုဆိုတာတော့ မစ္စတာပက်
သိမှာပါ..ကျန်ပြတိုက်နှစ်ခုက မဖွင့်ရသေးဘူးဗျ..

အဲဒိတော့..

အဲဒိထဲက တစ်ခုဖြစ်တဲ့ ဂူဂွန်ဟိုင်း အဘူဒါဘီ(Guggenheim Abu Dahbi )က ဆောက်လုပ်ပြီးလို့
ဖွင့်ဖို့ အဆင်သင့်ဖြစ်နေပါပြီ..ဒါပေမယ့်လို့
ရှေးဟောင်းပစ္စည်းတွေကို
အမေရီးကားကနေ ဒီကို သယ်လာစဉ်မှာပဲ..
ရှေးဟောင်းပစ္စည်းအချို့ကို နိုင်ငံတကာ
ရှေးဟောင်းပစ္စည်း ရာဇဝတ်ဂိုဏ်းက
အတုနဲ့ ဖလှယ်ဖို့ကြိုးစားခဲ့တာကို ကိုယ်တော်တို့
အေးဂျင့်တွေက ဖေါ် ထုတ်နိုင်ခဲ့တယ်..

ဟုတ်မှ ဟုတ်ပါ့မလား..ရုပ်ရှင်ဇတ်ကားထဲမှာ
မဟုတ်ဘဲ..တကယ့်အပြင်လက်တွေ့ဘဝမှာ
ရှေးဟောင်းပစ္စည်းတွေကို အတုနဲ့လဲလှယ်တယ်
ဆိုတာက လွယ်ကူသည့် ကိစ္စမဟုတ်ပါချေ..

အဲသလိုကိစ္စမျိုးကို ဘယ်သူက ဘာ့ကြောင့်လုပ်ရတာလဲဗျ..ရှေးဟောင်းပစ္စည်းတွေကို မြောက်များလှစွာသော အစောင့်တွေ လုံခြုံရေးအစီအမံတွေနဲ့
အစောင့်ချကို ချထားမယ့်ဥစ္စာကို..

မစ္စတာပက်ကတော့ ဒီဥစ္စာက အဓိပ္ပါယ်မရှိဘူးလို့
ထင်မှာကို ကိုယ်တော်နားလည်ပါတယ်..ဒါပေမယ့်..
အဲဒါက အကြောင်းမဟုတ်ဖူးဗျ..နိုင်ငံတကာ
ရာဇဝတ်ဂိုဏ်းက မစ္စတာပက် ထင်တာထက်
ပိုကြီးပြီး ပိုလည်းစေ့စပ်လှတယ်..ပြီးတော့..
လူပေါင်းမြောက်များစွာလည်း ဒီဂိုဏ်းနဲ့ရှုပ်ထွေး
ပတ်သက်နေကြပြီး တစ်ချို့ဆို သူတို့ဟာ
အဲဒိဂိုဏ်းအတွက် အလုပ်လုပ်နေကြမှန်းကို
မသိကြဘူး.အခုဟာက ရှေးဟောင်းပစ္စည်း
တစ်ခုတစ်လေကို ဓါးပြတိုက်တာမျိုးမဟုတ်ဖူးဗျ..
ဒီကိစ္စကနေ နိုင်ငံရေး ပြဿနာဘက် လှည့်သွား
နိုင်တယ်..အဲဒါကြောင့် ကိုယ်တော်တို့အနေနဲ့
ဒီကိစ္စကို အတော်လေး သတိထားပြီး ချည်းကပ်မှ
ဖြစ်လိမ့်မယ်...

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now