အပိုင်း(၆၄)ဂျာမဏီကြွေထည်(စပီးဘယ်မူစတာ)-၂

29 3 0
                                    

#၆၄) ဂျာမဏီကြွေထည်(စပီးဘယ်မူစတာ)-၂
#64)Zwiebelmuster-2
...................................................................
Translated to mm by AKM(MyinGyan)
....................................................................
ရှေးဟောင်းကြွေထည်တွေအကြောင်း ပြောကြသည့်အခါ လူအများစု ပြေးမြင်လိုက်ကြသည်က
အာရှတိုက်မှကြွေထည်တွေ..အထူးသဖြင့် တရုပ်နှင့် ကိုရီးယား ကြွေထည်တွေကိုသာဖြစ်ပါသည်။

သို့ပေမယ့် ကိုရီးယားကြွေထည်လုပ်ငန်းမှာ
ခေတ်သစ်ကာလအရောက်မှာ မှေးမှိန်
ပျောက်ကွယ်သွားပါသည်။ ယခုကိုရီးယားရှိ
ကြွေထည်များမှာ ရှေးဟောင်းကြွေထည်
လက်ကျန်များ ဖြစ်ပါသည်။
ရိုးရာလက်ငုတ်လက်ရင်း ကြွေထည်လုပ်ငန်းကို
ဆက်လက်လုပ်ကိုင်နေသူ ကြွေထည်လက်မှု
ပညာရှင် အနည်းငယ်တော့ ရှိပါသေးသည်။
သို့ပေမယ် ကိုရီးယားကြွေထည် ထုတ်လုပ်မှုနှင့်
ဈေးကွက်လိုအပ်ချက် နှစ်ခုစလုံးမှာ အတော်လေးကို
နိမ့်ကျသွားပါသည်။ ဝမ်းနည်းစရာ
ကောင်းသည်မှာ ကိုရီးယားလူမျိုးတွေကပင်
ကိုရီးယားကြွေထည်တွေအပေါ် ဟိုးရခင်ကလောက်
တန်ဖိုးမထားကြတော့ခြင်းဖြစ်ပါသည်။

တရုပ်ပြည်အတွက်မူ ကျန်းဒန်ရှန့်ဒေသထွက်
ကြွေထည်တွေက ရှိနေဆဲဖြစ်ပါသည်။ သို့ပေမယ့်လည်း..ထိုဒေသသည် သူတို့ကိုယ်ပိုင် အရည်သွေး
မြင့် ကြွေထည်များကို ထုတ်လုပ်ရမည့်အစား
လက်ရာပြောင်မြောက်ခဲ့သည့် ရှေးဟောင်းအမွေ
အနှစ်ကြွေထည်တွေကိုသာ လိုက်လံတုပ
ထုတ်လုပ်ခြင်း၌သာ ကျော်ကြားလှပါသည်။

ထိုသို့ဆိုပါလျှင် ကမ္ဘာ့ကြွေထည်ထုတ်လုပ်မှု
လုပ်ငန်းကြီးကို ဘယ်အရပ် ဘယ်ဒေသက
ဦးဆောင်နေသည်ဟု ထင်ပါသလဲ...ဥရောပတိုက်
ဖြစ်ပါသည်..အထူးသဖြင့် ဂျာမဏီနိုင်ငံဖြစ်ပါသည်။

ဥရောပ ကြွေထည်များကို ရှေးရှေးဂရိခေတ်ဟောင်းမှ ကြွေထည်များနှင့် ၁၇နှစ်ရာစုနောက်ပိုင်း
ထုတ်လုပ်သည့် တရုပ်ကြွေထည်တုများဟူ၍ 
နှစ်မျိုးနှစ်စားခွဲခြားနိုင်ပါသည်။
ဂရိရှေးခေတ်ဟောင်း ကြွေထည်များမှာ ဥရောပရဲ့
အတွေးအခေါ် နှင့် အလှတရားတို့၏အဆီအနှစ်များ
ဖြစ်ကြပါသည်။ ၎င်းတို့မှာ လွန်ခဲ့သည့် ရှေးနှစ်
ပေါင်းများစွာက ဖန်တီးထုတ်လုပ်ခဲ့သည်ဖြစ်၍
ယခုခေတ်ကြွေထည်များလို့ ဖြူစင်ဝင်းပခြင်း
သို့မဟုတ် ပြာလဲ့တောက်ပခြင်းတော့ မရှိပါပေ။

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now