အပိုင်း(၇၆) ကိုရီးယားသို့ ပြန်ရောက်ပြီ-၁

22 2 0
                                    

#၇၆) ကိုရီးယားသို့ ပြန်ရောက်ပြီ-၁
#76) Back in Korea again-1
...................................................................
Translated to mm by AKM(MyinGyan)
....................................................................
မင်းသားက လက်ခုပ်တီးလိုက်သည့်အခါ
ဟေဂျပ်ခေါ် ခေါင်းဆောင်းပဝါ အနက်ရောင်ကို
ခြုံထားသည့် အမျိုးသမီးနှစ်ယောက်ဝင်လာသည်။
အံ့ဩစရာကောင်းသည်က အမျိုးသမီးတစ်ယောက်၏ လက်ထဲတွင် ရွှေရည်စိမ် ကြေးဗုဒ္ဓရုပ်ပွါးတော်
အသေးတစ်ဆူ ပါလာသည်။

အမျိုးသမီးများမှာ အပြာရောင်မျက်လုံးများကလွဲ၍ တစ်ကိုယ်လုံးကို ဝတ်ရုံဖြင့်ဖုံးအုပ်ထားသည်။
အာရပ်စော်ဘွားများနိုင်ငံ၏ တော်ဝင်မိသားစု
ဝင် ဖြစ်သော အရွယ်ရောက်ပြီးသည့် အမျိုးသမီး
များသည် သူတို့၏ မျက်နှာကို လှစ်ဟဖော်ပြလေ့
မရှိကြသည်ကို ဟေးဂျင် နားလည်ပါသည်။

ဒါ..ကိုယ်တော့်ရဲ့ မိဖုရားနဲ့ သမီးတော်ပါ..

ဟုတ်ကဲ့..ဝမ်းသာပါတယ်ခင်ဗျ....ကျနော်က..
ကိုရီးယားနိုင်ငံက..ပက်ဟေးဂျင်ပါ ခင်ဗျာ..
အနုပညာပြတိုက် ခပ်သေးသေးတစ်ခု
ဖွင့်ထားပြီး ရာဖြတ်အလုပ်လည်း လုပ်ပါတယ်ခင်ဗျာ...

မဘုရားတို့လည်း တွေ့ရတာဝမ်းသာပါတယ်ကွယ်..
မဘုရားတို့က ဧည့်သည်တော့်အကြောင်းကို
ကြားထားပြီးပါပြီ..

သူ့စကားကို တုန့်ပြန်သူမှာ မင်းသားဆန်မာဒီ့
နဘေး၌ ထိုင်နေသည့် အမျိုးသမီးဆီမှ ဖြစ်သည်။
သူ၏ လေသံကို ထောက်ဆပြီး ပြောရမယ်ဆိုလျှင်
တော့ ထိုအမျိုးသမီးမှာ မင်းသား၏ မိဘုရား
ဖြစ်ပုံရပါသည်။ သမီးတော်ဖြစ်သူကတော့
စကားတစ်ခွန်းမှပင် မဆိုပါချေ....ဟေးဂျင်
ကလည်း သူ့အပေါ် တစ်မျိုးထင်မှာစိုး၍
သမီးတော်ကို ကြည့်ပင်မကြည့်ပါချေ..

မင်းသားသည် သူ့ကိုနွေးထွေးပျူငှါစွာဖြင့်
စကားပြောလာသည်။

လူဗာပြတိုက်က ရှေးဟောင်းပစ္စည်းကို လိုချင်
တယ်လို မစ္စတာပက်က တွေ့စတုံးကပြောခဲ့တာလေ..
အဲဒိကိစ္စကို အကူအညီမပေးနိုင်ခဲ့လို့
ကိုယ်တော့်မှာစိတ်မကောင်းဖြစ်ခဲ့ရတယ်...
အခုလောက် အကူအညီတွေပေးပြီးနောက်မှ .
မစ္စတာပက်ကို ဒီအတိုင်း လက်ဗလာနဲ့
ပြန်လွှတ်လိုက်မယ်ဆိုရင် ကိုယ်တော်ဟာ
တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကို
ညိုးငယ်အောင် လုပ်သလို ဖြစ်နေပါ
လိမ့်မယ်..အဲဒါကြောင့်ပဲ..လူဗာပြတိုက်က
ရှေးဟောင်းပစ္စည်းနဲ့ ဆင်တူအဖြစ်ဆုံး
တစ်ခုကို ကိုယ်တော် အကောင်းဆုံး
ကြိုးစားရှာထားခဲ့တာပဲဗျာ..ဒီ..ဗုဒ္ဓရုပ်ပွါးတော်ပေါ့...

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now