အပိုင်း(၇၂) လူဗာ-အဘူဒါဘီပြတိုက်ခွဲ-၁

28 4 0
                                    

#၇၂) လူဗာပြတိုက်-အဘူဒါဘီ-၁
#72)Louvre Abu Dhabi-1
...................................................................
Translated to mm by AKM(MyinGyan)
....................................................................
ခင်ဗျားကို ဒေကားရဲ့ပန်းချီကားတစ်ချပ်ပေးအောင်
မင်းသားကို ခင်ဗျားက ဘယ်လိုသွားလုပ်မှာလဲဗျ..
အာ..နေဦး..အာရပ်စော်ဘွားများနိုင်ငံမှာ ဒေကားရဲ့
ပန်းချီကား ရှိလို့လားဗျ...

အင်း..အခုတော့ တစ်ကားရှိနေပြီဗျ..

ထိုစကား၏ အဓိပ္ပါယ်က....ဘာဆိုတာ..အဲရစ်လိုလူမျိုးက..သိပ်သိတာပေါ့..

အန်သော်နီ..သူက မင်းသားဆန်မာဒီကို ဒေကားရဲ့
ပန်းချီကားရောင်းလိုက်တာပေါ့..ဒါဆို..ကျန်တဲ့
နှစ်ကားက ဘာကားတွေလဲဗျ..

ဟေးဂျင့်အနေဖြင့် အဲရစ်ကို ဘာမှဖုံးကွယ်ထားရန်
ကြံရွယ်ထားခြင်း မရှိပါချေ..ထို့ကြောင့် သူက ဆက်ပြောလိုက်သည်။

ကျန်တဲ့နှစ်ကားက ဗန်ဂိုးရဲ့ကားတွေဗျ...တစ်ကားက
ဗန်ဂိုးရဲ့ နေကြာပန်းစီးရီးထဲက တစ်ကားဘဲ...တစ်ခြား
တစ်ကားကတော့ နေဝင်ချိန် မြစ်ကမ်းပါး
တစ်ခုပုံ ပန်းချီကားဗျ...အဲဒိမြစ်ကမ်းပါး ပန်းချီကား
က ဗန်ဂိုးရဲ့ နောက်ဆုံးပိတ် လက်ရာတွေထဲက တစ်ကား
ဖြစ်လို့ အတော်ကြီး တန်ဖိုးကြီးတဲ့
ကားတစ်ကားပေါ့ဗျ..

ဗန်ဂိုးရဲ့ နောက်ဆုံးပိတ် ပန်ချီကားတစ်ကားလားဗျ..

ဟုတ်တယ်ဗျ..ထူးထူးခြားခြားကို အဖိုးတန်ရတဲ့
အကြောင်းက အဲဒိကားမှာ သူ့ညီ..သီယို့..ဆီ
ပါးလိုက်တဲ့ ဗန်ဂိုးရဲ့ နောက်ဆုံးစကား ပါနေတာပဲဗျို့..အဲဒါကြောင့်ပဲ အန်သော်နီက ဗန်ဂိုးရဲ့
ကားနှစ်ကားနဲ့တင် မင်းသား ဆန်မာဒီက
ဒေါ်လာ သန်းငါးဆယ်ရလိုက်တယ်ဗျ..

အဲရစ်က ခေါင်းရမ်းလိုက်သည်။

ပန်းချီကားတွေကနေ ဘယ်လောက်ရမှ
အဲဒိအဖိုးကြီးက ကျေနပ်ရောင့်ရဲ...အာ..ဘာပဲဖြစ်ဖြစ်..
ကျေးဇူးပါဗျ..အဲဒိမှာ ရှိခဲ့တဲ့ကားတွေက ဘယ်လို
ပန်းချီကားအမျိုးအစား တွေလဲဆိုတာကို ခင်ဗျားက
ပြောပြပြီးပြီပဲ..ကျန်တာကို ကျနော့်ဘာသာ စုံစမ်း
ကြည့်လိုက်ပါတော့မယ်..

အဲဒိအချက်လေးလောက်နဲ့ စုံစမ်းဖို့ လုံလောက်
ပါ့မလား..ဟေးဂျင်သည် မှော်ကြေးမှုံပြင်ဝယ်
မြင်ခဲ့ရသည့် ပန်းချီကားပိုင်ရှင် မိသားစု၏ ငိုကြွေး
မည်တမ်းသံတွေကို မတွေးမိပဲ မနေနိုင်အောင်ပင်
ဖြစ်နေသည်။

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now