အပိုင်း(၈၅)ဘားရို့ပန်းချီအထူးပြပွဲ-၂

19 2 2
                                    


(၈၅)ဘာရို့ပန်းချီ အထူးပြပွဲ-၂
#85)Baroque Special Exhibition-2
...................................................................
Translated to mm by AKM(MyinGyan)
....................................................................

ဒါဆို..ကျနော် လုပ်စရာရှိတာဆိုလို့ ဒီပန်းချီကား
သုံးကားကို ရာဖြတ်ပေးရုံပဲပေါ့..အဲဒါပြီးရင်
ကျနော့် အခကြေးငွေကို ချက်ခြင်းရမှာလားဗျ..

ဟိုယွန်သည် ခေါင်းညိတ်ပြပြီး အယ်လစ္စာကို
ကြည့်လိုက်သည်။

ဟုတ်တယ်ရှင့်..အခြားလုပ်စရာရှိတာ အားလုံးကို
အယ်လစ္စာက တာဝန်ယူလိမ့်မယ်..အိုး..ဒါနဲ့..ရှင်
သူ့အကြောင်း သိပ်မသိသေးဘူးထင်တယ်..
သူက ထူးချွန်တဲ့ ရာဖြတ်တစ်ယောက်ပဲရှင့်..
ချီကာဂို ရာဖြတ်ကော်မတီရဲ့ အဖွဲ့ဝင်တစ်ယောက်
ဖြစ်လောက်အောင် ထူးချွန်တဲ့သူ ပေါ့ရှင်..

ချီကာဂိုရာဖြတ်ကော်မတီဆိုသည်မှာ ကြည်လင်
ပြတ်သားမှု မြင့်မားသော ဒစ်ဂျစ်တယ် ပုံရိပ်များနှင့်
သင်္ချာပုံသေနည်းများကို အသုံးချပြီး ရာဖြတ်ရာ၌
ကျော်ကြားလှသည့် ကော်မတီတစ်ခုဖြစ်ပါသည်။

ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုပါလျှင် ၎င်းမှာ
ဘယ်လိုယုတ္တိဗေဒမျိုး..ဘယ်လိုနည်းစံနစ်မျိုး
ဆိုတာကို ဟေးဂျင်တစ်ယောက် မသိပါချေ...
သို့ပေမယ့် ၎င်းနည်းစံနစ်မှာ ထိရောက်မှုရှိပြီး
အဓိပ္ပါယ်ရှိလို့သာပင် ဤသို့ အလွန်ကျော်ကြားလှ
ခြင်းဖြစ်ပေမည်ဟု.ဟေးဂျင်းအတွေးပေါက်
လိုက်ပါသည်။

ဒါပေမယ့်လို့ သူ့ရှေ့က အမျိုးသမီးမှာ
ထိုအဖွဲ့အစည်း၏ နည်းနာနိသယျ အားလုံး၌
ကျွမ်းကျင်ပိုင်နိုင်သူ ဆရာတစ်ဆူတော့ မဟုတ်ပါချေ..

ဟေးဂျင်သည် သူမ..ရွေးပေးထားသော ပန်းချီကား
ဓါတ်ပုံများကို ဘေးချပြီး တစ်ခြားပန်းချီကားပုံ
တစ်ခုကို ဆက်ကြည့်နေမိသည်။

ဝိုး..အထင်ကြီးစရာပါလားဗျ..ဒါဆို ကျနော်တို့
ရှေ့လျှောက် မကြာမကြာ ဆုံကြရဦးမှာပေါ့..

အယ်လစ္စာကင်သည် အားရပါးရ ပြုံး၍
ပြန်ဖြေလိုက်သည်။

ရှင်က ပီကာဆိုပန်းချီကား ရှိတဲ့ ပြတိုက်တစ်ခုကို
ဖွင့်ထားတယ်လို့ ကျမကြားထားတယ်ရှင့်..
ပြတိုက်တစ်ခုဖွင့်ထားပြီး တစ်ချိန်တည်းမှာလည်း
ရာဖြတ်အလုပ်ကို လုပ်နေတယ်ဆိုတော့..
မယုံနိုင်စရာကောင်းလိုက်တာရှင်..တကယ်ပါဘဲ..

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now