အပိုင်း(၂၄)လေလံအောင်သူ-၁

54 3 0
                                    

အပိုင်း(၂၄)လေလံအောင်သူ (၁)
24.Winner of the auction(1)
.......................................................................
လီဂျောင်မြောင့်စကားကြားလိုက်ရသည့်ခဏမှာ..
ဟေးဂျင်တစ်ယောက်..အံဩမှင်တက်သွားသည်။
သူ..ဒီလောက်နလပိန်းတုံးဖြစ်နေမှတော့..အွန်ဟေးကို
ကူညီပေးပါလို့..သူ...ဘယ်လိုတောင်းဆိုရပါတော့မလဲ..

လီဂျောင်မြောင်၏..ဒုံး​ဝေးထုံထိုင်းလွန်းသည့်
အမေးကြောင့်..အွန်ဟေးမှာ..ပိုလို့အရှက်ရသွားပြီး..
သူ့ကိုကြိမ်းမောင်းလိုက်သည်။
ယွန်းဒါရှို့က ဂျိုဆောင်ခေတ်ရဲ့ကြီး​မြတ်သောပညာရှိ သုခမိန်အနုပညာရှင်တစ်ယောက်ပဲ..သူဆွဲတဲ့..
ကိုယ်တိုင်ရေးပုံတူပန်းချီကားက ဒီတိုင်းပြည်ရဲ့
ရတနာအမွေအနှစ်တစ်ခုပေါ့..ရှင်..ဘာမှလဲမသိပဲနဲ့..
ဒါကြောင့်လိုက် မလာပါနဲ့လို့ပြောတဲ့ဟာကို..

ထိုစကားကြားတော့..ဂျောင်​မြောင့်မျက်နှာခတ်ထန်
သွားသည်။
ဟ..အရှေ့တိုင်းပန်းချီကားဖြစ်နေလိမ့်မယ်လို့
ငါမှသိမထားပဲကို..
တခြားသူတွေရှိနေလို့..သူတို့ထိုမျှ​လောက်နှင့်ပင်
ရပ်လိုက်ကြသည်။သို့သော်..စေ့စပ်ထားသူ
ချစ်သူနှစ်ဦးမှာ..တစ်ယောက်နှင့်တစ်ယောက်
အစေးမကပ်ဖူးဆိုတာကိုတော့...လူတိုင်းပြောနိုင်ပါသည်။

ဟေးဂျင်သည်.ကသိကအောက်အခြေအနေကို
တွေ့လိုက်ရလို့..အကြောင်းအရာကိုပြောင်းရန်
ကြိုးစားလိုက်သည်။သို့သော်..အွန်ဟေးက
စိတ်မကောင်းသည့်မျက်နှာဖြင့်..မေးလာသည်..

ယွန်းဒါရှို့ရဲ့ကားလို့..ရှင်ပြောလိုက်တာလား...

ဂျိုဆောင်ခေတ်ပန်းချီအကြောင်းပြောကြသည့်အခါ
သာမန်လူတွေကတော့..ကင်ဟောင်ဒိုနှင့်စင်ယောင်
ဘုတ်တို့ကိုသာသိကြသည်။အတော်အတန်
တက်သိနားလည်သူအနည်းငယ်ကမူထို့ထက်ပို၍...
ဂျုံဆုံးနှင့်ဂျန်ဆန်းဂုတို့အကြောင်းသိကြသည်။

ဟုတ်တယ်..သူက....စုတ်ချက်ကလေး
တစ်ချက်လောက်နဲ့ပင်..ဇတ်ဆောင်တွေရဲ့အနေအထားကို
ဖေါ်ကြူးနိုင်သူတစ်ယောက်ပဲ...ဒီပန်းချီကားမှာဆို..
သူ့ရဲ့အတုမရှိတဲ့..အဲဒိဇတ်ဆောင်တွေရဲ့ဖွဲ့စည်းပုံကို
နောက်ခံရှုခင်းနဲ့ သူ့ရဲ့ထင်ရှားတဲ့ကောက်ကြောင်း
ရေးဟန်ထက်ကိုပိုပြီးအလေးထားဖေါ် ပြထားကို
တွေ့ရတယ်ဗျ...

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now