အပိုင်း(၂၆)လေလံအောင်သူ-၃

53 3 0
                                    

#အပိုင်း(၂၆)ေလလံအောင်သူ (၃)
#26.Winner of the auction(3)
.......................................................................
ငါ့ရာဖြတ်ကလည်း..ပန်းချီမှာဆရာကြီးပဲဥစ္စာ..
နင်ကဘာကြောင့်များ.အဲသည့်လောက်ကိုယ့်ကိုယ်ကို
ယုံကြည်နေရပါလိမ့်...
ယာအေးရင်သည်..ထိုပန်းချီကားကို..အွန်ဟေးရသွား
ခွင့်..မပေးနိုင်ပါ..သူမသည်အွန်ဟေးကိုကြည့်ရင်းပင်..
သူ့ဘုတ်ပြားကိုထောင်လိုက်သည်။

သန်းလေးရာ့လေးဆယ်.....
သန်းလေးရာ့ခြောက်ဆယ်..ဟိုနေရာကပေးနေပါပြီ..

ဈေးပြိုင်ပေးတဲ့တန်ဖိုးက..ကြမ်းခင်းဈေးထက်
နှစ်ဆခန့်ရောက်သွားပြီး ..ထောင်တက်နေတုံးပင်..

နင်..ဒီကားကိုလည်း..လိုချင်ပြန်ပြီလား..
ဈေးခေါ်ဘုတ်ပြားကိုမြှောက် မြှောက် နေတဲ့..
ယာအေးရင်ကိုစိတ်ပျက်ဟန်ဖြင့်..အွန်ဟေးကကြည့်
လိုက်သည်။
အေးဟ..စဉ်းစားလိုက်တော့..ဒီကားကြည့်ရတာကောင်း..@..#..$..
ဟူး...ဒါဆိုလဲ..နင်ပဲယူလိုက်တော့..
အွန်ဟေးသည်..ဘုတ်ပြားထောင်ရင်းတန်းလန်းကနေ
ရပ်လိုက်ပြီး..တုံ့ဆိုင်းသွားသည်။
ယာအေးရင်သည်..ဘုတ်ပြားကိုနောက်ဆုံးထောင်သူ
ဖြစ်နေ၍..ရွန့်တွန့်တွန့်ဖြစ်သွားသည်။သူမသည်..အခုနကကြွေထည်ကို..ကောက်ခါငင်ခါဝယ်လိုက် မိလို့.  တစ်ဘီလီယံ..ပိုသုံးလိုက်ရပြီးဖြစ်၍နောက်ထပ်ငွေများများကို
အလွယ်တကူမသုံးနိုင်တော့ပါချေ..

ဘာလဲဟ..နင်ကဒါကို..ကားကောင်းတစ်ခုလို့
မထင်လို့လား...
သန်းငါးရာ့လေးဆယ်...
ပိုပေးသူရှိပါသလား...
ဈေးပိုပေးသူရှိ..မရှိ  နောက်ဆုံးအကြိမ်စစ်ဆေးနေ
သည့် လေလံပွဲခေါင်း(လေလံပွဲအကြီးအမှူး) ၏အသံကြောင့်အွန်ဟေးတစ်ယောက်ချီတုံချတုံ
ဖြစ်သွားပြီး ..နောက် မှ....ဘုတ်ပြားကိုထောင်လိုက်သည်။

ဟူး..
ယာအေးရင်ကသူ့နောက်ကလိုက် မထောင်တော့လို့..
အွန်ဟေး..သက်ပြင်းချလိုက်သည်။
အမလေး..နင့်..သက်ပြင်းချသံကြီး..ကြမ်းပေါ်ကျလို့..
ပေါက်ထွက်သွားပါဦးမယ်တော်...
ကဲပါ..ဒီကား..နင်ယူလိုက်တော့..ပြပွဲမှာ..နေရာလွတ်တွေလျော့ချဖို့..နင်.အဲဒါကိုလိုမှာပဲ..ဒါမှ..ပြပွဲလာသူတွေက..နံရံတွေကိုပဲကြည့်မနေရမှာ..

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now