အပိုင်း(၅၁)ဖုံးဝှက်ထား သောရတနာများ-၁

40 3 1
                                    


#၅၁) ဖုံးဝှက်ထားသည့် ရတနာများ-၁
#51) Hidden Treasures
....................................................................
ရှန်းကျန့်အရပ်သည် ဟောင်ကောင်နှင့် အလွန်နီးလှ
ပါသည်။ သို့ပေမယ့် ထိုနေရာရောက်ဖို့
အချိန် အတော်လေး ယူလိုက်ရသေးသည်။
ဟေးဂျင်သည် ရှန်းကျန့်ကို နှစ်နာရီခန့်အကြာမှာ
ရောက်သွားသည်။ သူသည် အနီးအနားရှိ စီးပွါးရေး
လုပ်ငန်းသုံး ဟော်တယ်တစ်ခုတွင် တည်းကာ
အေးအေးလူလူပင် ညစာစားလိုက်ပြီး
သူ့စီမံချက်အတိုင်း အလုပ်တွေ စလုပ်လိုက်သည်။

လုပ်ငန်းတည်နေရာနှင့် မြေပြင်အနေအထားကို
သူသိထားပြီးဖြစ်သည်။ ဒါပေမယ့်..အဲဒိနေရာကို
လျှောက်သွားပြီး သူ့လက်ဗလာသက်သက်ဖြင့်
တူးလို့ဖေါ် လို့မရနိုင်ပါချေ။ သူ့အတွက် လက်သုံး
ကိရိယာတွေနှင့် ကားတစ်စီးတော့ လိုပါသည်။
လက်သုံးကိရိယာများကို ထိုမြို့ရှိ စူပါမာကပ်နှင့်
ကုန်မာဆိုင်တစ်ခုမှ ရနိုင်ပါသည်။ သို့သော် ကားရ
ဖို့က ပြဿနာဖြစ်နေသည်။ ကားရဖို့ အချိန်
အတော်ကြီး စဉ်းစားကြည့်ပြီးနောက် သူ..လူတစ်
ယောက်ကို သွားသတိရလိုက်သည်။ ဗြောင်ဂွတ်..
ဟုတ်တယ်..ဗြောင်ဂွတ်ရှိတာပဲကို..

ဟဲလို..
ဟေး..ဟေးဂျင်လား..မင်း..နိုင်ငံခြား ရောက်နေတာဆို..ဘာလို့ငါ့ဆီ ဖုန်းခေါ်တာလဲဟ..
ဟုတ်တယ်ဦးလေး..ကျနော်..ဦးလေးဆီက အကူအညီတောင်းမလို့ ဆက်တာ..အဲဒါ..ဖြစ်နိုင်ပါ့မလား..ဦးလေး.

ဟ..မင်းက ပြည်ပရောက်နေတာကို ဘာအကူ
အညီတုံးဟ..ငါ..ကူညီနိုင်တာဆို ကူညီမှာပေါ့ကွ..
ပြောကြည့်လေ..ဘာလဲ..မင်း..ပိုက်ဆံလိုလို့လား..
ဒါနဲ့..မင်း..အရင်တစ်ခေါက်က ပိုက်ဆံအများကြီး
ရထားတဲ့ဟာကို...

အခက်အခဲပြဿနာ..အများစုကို ငွေနှင့် ဖြေရှင်း
နိုင်ပါသည်..သို့ရာတွင်..တစ်ခါတစ်ရံတွင်တော့
ငွေနှင့် မဖြေရှင်းနိုင်သည်များလည်း ရှိတက်ပါသည်။

ကျနော်..တရုပ်ပြည် ရှန်းကျန့်ရောက်နေတာ ဦးလေး
..ကျနော် ကားတစ်စီးနဲ့ လက်သုံးကိရိယာ အချိို့
လိုနေလို့ဗျ..
အာ..မင်းကလည်း..ကားလိုတာများ..တစ်စီးငှါး
လိုက်လေကွာ..လက်သုံးကိရိယာက ဘာတွေတုံး..
ဘာလဲ..ဂူဖေါက်ဖို့ ကိရိယာတွေ ပြောနေတာလားကွ..

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now