အပိုင်း(၂၀)ပန်းချီကားနှစ်ချပ်-၁

65 7 0
                                    

အပိုင်(၂၀)
ပန်းချီကားနှစ်ချပ်-၁
20-two painting-1
...................................................................
အံဩစရာကောင်းတာက.. မစ္စဟိုယွန့်ဆီကမိုမိုကို
အကြောင်းမက်ဆေ့ရပြီးသိပ်မကြာဘူး..အဲဒိအမျိုးသမီးက..ကျုပ်ကိုဆက်သွယ်လာတယ်..
အာ..ကျုပ်ကိုမဟုတ်ဖူး..ဦလေးဗြောင်ဂွတ်ဆီဗျ..
သူ့ဆီ..ဟုတ်လား..အဲဒိတော့...
သူမက..ကျုပ်တို့ကို.အပေးအယူတစ်ခုကမ်း
လှမ်းတယ်ဗျ..လက်ဖက်ရည်ခွက်အကြောင်းအမှန်ကို
သူကပြောပြမယ်..အပြန်အလှန်အားဖြင့်
ဦးလေးဗြောင်ဂွတ်နိုင်ငံခြားကိုတိတ်တဆိတ်ခိုးပို့တဲ့
ရှေးဟောင်းပစ္စည်းအချို့ကိုသူကလိုချင်နေတယ်ဗျ...

အခုတော့..မိုမိုကိုသည်..သတင်းရောင်းစားသူ
သစ္စာဖေါက်တစ်ယောက်ဖြစ်သွားချေပြီ..

အဲဒိလူ..မင်ဇိုတာရုက..သူ့လူသူမထိန်းနိုင်းဖူးပဲ..
ဟားဟားဟား..သူခိုလက်ခံတွေကတစ်ယောက်ကို
တစ်ယောက်သစ္စာဖေါက်နေကြတာပါလား..
ကောင်းတယ်..ကောင်းတယ်...

တကယ်တော့လည်း..ဂျပန်ကိုလိုနီခေတ်နောက်ပိုင်း
ပေါ်လာသည့်..ဂိုင်ဒါစစ်နှင့် ဟိုရီဒါစစ်တို့သည်
တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်အရူးလုပ်
လေ့လုပ်ထရှိကြသည်ပင်။(ဟိုရီဒါစစ်ဆိုသည်မှာ
ဂိုင်ဒါစစ်တွေထံကပစ္စည်းကိုဈေးနှိမ်ဝယ်သူတွေကို
ရှေးဟောင်းပစ္စည်းဝယ်ရောင်းလောကတွင်လျှို့ဝှက်စွာခေါ်သည့်အမည်ပင်။)

ဖဲသမားတွေလိုပင်...သူတို့သည်သာမန်လူတွေကို
ရိတ်ဖို့လှီးဖို့တစ်ချိန်လုံးအားထုတ်နေကြသလို...
ဖဲဝိဇ္ဇာအချင်းချင်းလဲ...တစ်ယေါက်ကိုတစ်ယေါက်
ခွာဖို့နွာဖို့ကြိုးစားကြသည့်လူစားတွေသာတည်း။
ထို့ကြောင့်ပင်..ကိုရီးယားအများစုက..ရှေးဟောင်းပစ္စည်းအရောင်းအဝယ်သမားများကို..ကလိမ်ကျစ်သမားများလို့သတ်မှတ်ထားကြခြင်းဖြစ်ပါသည်။

အမှန်အတိုင်းဆိုရရင်..သူမကအလုပ်သမား
တစ်ယောက်သာဖြစ်လို့..အရောင်းအဝယ်ဖြစ်ဖြစ်
မဖြစ်ဖြစ်..သူ့မအနေနဲ့
တစ်ပြားမှရစရာမရှိဘူးမဟုတ်လား..
အများဆုံးမျှော်လင့်နိုင်တာဆိုလို့.. ဘောနပ်စ်နည်းနည်းပါးပါးလောက်ဆိုတော့..တကယ်လို့သာ..
သူမအ​နေနဲ့..ကျနော့်ဦးလေးဆီကရှေးဟောင်းပစ္စည်း
တစ်ချို့တလေရခဲ့ရင်..အဲဒါ..
ဂျပန်မှာဆို.. အတော်အတန်အကျိုးအမြတ်ရနိုင်သွားပြီလေ...
အမှန်တော့..ဒီအပေးအယူက..ကျနော့်ဦးလေးအတွက်
လည်းအကျိုးရှိတာပါပဲ..
ဂျပန်မှာ..သူ့ပစ္စည်းတွေရောင်းဖို့..လမ်းပွင့်သွားတာပေါ့...

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now