အပိုင်း(၁၂)ရာဖြတ်တစ်ယောက်အဖြစ်ပွဲဦးထွက်​ခြေလှမ်း

82 5 0
                                    

အပိုင်း(၁၂) ရာဖြတ်အဖြစ် ပွဲဦးထွက်ခြေလှမ်း(၂ )
Artifacts Reading Inspector
12.First step as a Appraiser (2)
,........................................................
ဟေးဂျင်တစ်ယောက် လေးရာသီဟော်တယ်သို့
ရောက်တယ်ဆိုလျှင်ပဲ ဗြောင်ဂွတ်ရှိရာအခန်းသို့
တက်သွားပြီး
တံခါးခေါက်လိုက်သည့်အခါ အနက်ရောင်ဆံပင်နှင့်
ခေါင်းတစ်လုံးက အခန်းတွင်းကနေပြူကြည့်လာသည်။
အော်...မင်းပါလား...
ဝင်ခဲ့လေကွာ...

ဗြောင်ဂွတ်မှာ အရပ် ၅ပေခွဲခန့်ရှိပြီး
ဆံပင်ဘုတ်သိုက် နှုတ်ခမ်းမွှေးမုတ်ဆိတ်မွှေးတွေနှင့်ဖြစ်၍ ရေမိုးမချိုးတာ တစ်ရက်လောက်ပင်ရှိလောက်
ပြီး သူ့ကြည့်ရတာ အိမ်ရာမဲ့တစ်ဦးနှင့်ပင် တူစပြုနေသည်။

အာ...ဦးလေးကလည်း...ရေလေးမိုးလေးချိုးပါဦး....မုတ်ဆိတ်မွှေးနှုတ်ခမ်းမွှေးတွေလည်း ရိတ်ပါဦးဗျ...
ဟကောင်ရ...မင်းက..ဘာသိလို့ပြောနေရတာတုံးး...
ငါ..သပ်သပ်ရပ်ရပ်နဲ့ အရောင်းအဝယ်လုပ်တဲ့ဆီသွားရင်...သူတို့က..ငါ့ကို
လူလိမ်တစ်ယောက်လို့ထင်မှာပေါ့ဟ..
သဘာဝကျကျလုပ်ရမယ်ကွ...
အဲဒိလိုအရှုပ်ထုပ်တွေနဲ့ အရောင်းအဝယ်လုပ်တဲ့အခါ..
ဒီလိုမျိုးကမှ..ရောင်းထွက်တာကွ...
အာ..ဦးလေးက..အပျင်းထူလွန်းပါတယ်ဗျာ..ဆင်ခြေ
ဆင်လက်​ ​​​တွေလည်းပြောမနေပါနဲ့ဗျာ...ဒါနဲ..
ဦးလေးပြောတော့...ဆုဂျောင်းပြန်လာတော့မယ်ဆို...ဒီလိုပုံကြီးနဲ့ ဦးလေး.သူ့ကို သွားနှုတ်ဆက် မလို့လားဗျ...

ဆုဂျောင်းမှာ..ဩစ​​တြီးလျားနိုင်ငံ..
ဗီယင်နာမြို့ရှိ...အသုံးချအနုပညာတက္ကသိုလ်၌... ရှေးဟောင်းပစ္စည်းများ
ထိန်းသိမ်းခြင့်နှင့် နဂိုအခြေအနေပြန်ရအောင်ပြုပြင်ထိန်းသိမ်းခြင်း ဘာသာရပ်ကို တက်ရောက်ပညာသင်ယူနေသူဖြစ်ပြီး...မကြာမှီ ကိုရီးယားသို့...ပြန်လာတော့မည်
ဖြစ်သည်။
သူမ....ငယ်ငယ်ကတော့..အိမ်ပြန်
ချိန်မမှန်သည့်ဖခင်ဖြစ်သူကို...စိတ်နာမုန်းတီးမိပေမယ့်
လည်း...ထိုဖခင်ဖြစ်သူကြောင့်ပင်...သူမတစ်ယောက်..ရှေးဟောင်းပစ္စည်းများကို
စိတ်ဝင်စားလာခဲ့ခြင်းဖြစ်သည်။

ဆုဂျောင်းတက်နေသည့်တက္ကသိုလ်မှာ...ရှေးဟောင်း
ပစ္စည်းများကို နဂိုမူလအခြေအနေအတိုင်းပြန်ရရန်..
ပြုပြင်ထိန်းသိမ်းသည့်...ဘာသာရပ်၌ ကျော်ကြားလှသည့် တက္ကသိုလ်ဖြစ်၍
ဗြောင်ဂွတ်မှာ...သူ့သမီးအတွက်..
အလွန်ပင်ဂုဏ်ယူလေ့ရှိပြီး...သူမ..
တော်ကြောင်းတက်ကြောင်းကိုလည်းမကြာခဏ..ပြောဆိုတက်သည့်အတွက်
ဟေးဂျင်လည်း.သူမ..တကယ်တော်
မတော်သိချင်နေမိသည်။

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now