အပိုင်း(၈၈)ဒိုကက်ဘီ ပန်းပုရုပ်တု အဓိပ္ပါယ်-၁

23 1 0
                                    

(၈၈) ဒိုကက်ဘီ ပန်းပုရုပ်ထု အဓိပ္ပါယ်-၁
(88)Meaning of the Dokkaebi Sculpture-1
...................................................................
Translated to mm by AKM(MyinGyan)
....................................................................

ကျနော့်ကိုလား..ဘာလဲ..ခင်ဗျားမှာ ရာဖြတ်စစ်ဆေး
ပေးစရာ ရှေးဟောင်းပစ္စည်းတစ်ခု ရှိနေလို့လားဗျ..

မဟုတ်ပါဘူးရှင့်..ရှင်နဲ့ ပေးတွေ့ဘို့ တောင်းဆိုရတာကလေ..ကျမမှာ ရှင်နဲ့တိုင်ပင်စရာ ကိစ္စလေး ရှိနေလို့ရှင့်..

ဪ..ခင်ဗျားက ရာဖြတ်ခိုင်းမယ့် ကိစ္စအစား
ကျနော်နဲ့ ဆွေးနွေး တိုင်ပင် ချင်တာလားဗျ..

အမှန်ပဲရှင့်..ကျမက အိမ်ထောင်ပြုတော့မှာ
မို့လို့ရှင်..အဲဒါ.ယောက်ခမတွေကို လက်ဆောင်တစ်ခု
ပေးချင်လို့ပါ...မင်္ဂလာဆောင်ဖို့ လိုအပ်တာအားလုံးတော့ ကျမ ပြင်ဆင်ပြီးပါပြီ..ဒါပေမယ့် ကျမက
လက်ဆောင်တစ်ခု ပေးချင်သေးတာရှင့်...

ဪ..အဲဒိကိစ္စဆို တစ်ခြားတစ်ယောက်ကို
မေးလိုက်ပါလားဗျ..

သူမသည် ဤကဲ့သို့သော အကူအညီမျိုးကို
ဘာ့ကြောင့် သူဆီက တောင်းနေမှန်း ဟေးဂျင်
နားမလည်ပါချေ..

အဲဒိတော့မှ ယာအေးရင်က ဝင်ရှင်းပြသည်။
အမှန်တကယ်ကတော့ရှင်..သူ့ရဲအနာဂါတ်က
ဥပဒေရေးရာ အလုပ် လုပ်ဖို့ပဲရှင့်..ဒါပေမယ့်
သူ့သတို့သားလောင်း မိဘတွေက အဲဒါကို
သဘောမကျဘူးရှင့်..အဲဒိမိသားစုက
အတော်ကြီးကို တသီးတခြားနေကြတာ..
အဲသလိုပြောလို့ သူတို့က ရာစုနှစ်ချီပြီး
ဝန်ကြီး ဝန်ကလေးတွေ မွေးထုတ်ပေးနေတဲ့
မိသားစုလို့..ရှင်က..တွေးနေလိမ့်ဦးမယ်...

ယာအေးရင်သည် ထိုကိစ္စကို သဘောမကျ
သလိုပင် ဝေဖန်လိုက်သည်။ ဒါပေမယ့် ဟေးဂျုက
သူမကို တားလိုက်သည်။

တော်ပါတော့ဟယ်...

ဟွန့်..အေးပါ..ဘယ်လိုပဲ ဖြစ်ဖြစ်ပါ..သူ့ယောက်ခမတွေက ရှေးဟောင်းပစ္စည်း တွေကိုတော့ အလွန်
နှစ်သက်မှန်း ကျမတို့ သိထားတယ်ရှင့်..တစ်ခုနှစ်ခုတော့ ကျမ..သူ့ကို အကြံပြုထားတာ ရှိပါတယ်...
ဒါပေမယ့်...ရှင်ကတော့ ကျမတို့ကို ပိုကောင်းတဲ့ အကြံဉာဏ် ပေးနိုင်မှာဘဲလို့ ကျမ..တွေးမိလို့ပါ..

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now