အပိုင်း(၉၂)ပန်းချီဆရာ ဆယ်ဗားဒိုး ဒါလီနှင့် သူ၏ကိုယ်ပွါး-၂

23 2 2
                                    

(၉၂) ပန်းချီဆရာ ဆယ်ဗားဒိုး ဒါလီနှင့်
သူ၏ကိုယ်ပွါး-၂
(92)Salvador Dali and the second Dali -2
...................................................................
Translated to mm by AKM(MyinGyan)
....................................................................
စားပွဲပေါ် ရှိ ပန်းချီကားတွင် ဒါလီ၏
အတုမရှိသော ဆာရီရယ်လစ်ဇင်းဟု
ခေါ်သော အိပ်မက်ဆန်ဆန် မသိစိတ်ကို
ဖေါ်ပြသော သရုပ်ဖေါ်မှုများကို တွေ့ရပါသည်။

ပန်းချီကားထဲမှပုံမှာ ဂရိဒဏ္ဍာရီထဲကနေ
ခုန်ထွက်လာသလား အောက်မေ့ရသည့်
စကျင်ကျောက်ရုပ်ထု အကြီးကြီးတစ်ခုပုံ
ဖြစ်ပါသည်။ သို့ပေမယ့် ရုပ်ထုက
ပြိုလဲမတက်ပုံ ဖြစ်နေသည်။ ထိုပန်းချီကားက
ဒါလီ၏ စိတ်ကူး စိတ်သန်းအပေါ် အခြေခံ
ထားသည့် ပြင်းရှခိုင်မာသော ခံစားမှု
အမြင်များကို ခံစားရပါသည်။

ယာအေးရင်သည် ဟေးဂျင်၏ အမေးကို
လေးတွဲ့စွာ ခေါင်းညိတ်ပြလိုက်သည်။

ဟုတ်..ကျမ သူ့အကြောင်း ကြားဖူးပါတယ်..

ဆယ်ဗားဒိုး ဒါလီ၏ အကြောင်းကို ပြောကြပြီဆို
ပါလျှင် အန်တိုနီပစ်ဆော့၏ အကြောင်းကိုလည်း
ရှောင်လွှဲ၍ မရနိုင်ပါချေ..

ပစ်ဆော့သည် ဒါလီ့လိုပင် စပိန်နိုင်ငံ ကတ်တလိုနီးယားဒေသရှိ ဖီရဲယား(Figueres,Catalonia of Spain)မြို့တွင် မွေးဖွားသူဖြစ်ပါသည်။ သူတို့
မိသားစုများမှာ ရင်းရင်းနှီးနှီး ရှိကြပြီး
ပစ်ဆော့ ငယ်စဉ်က ဒါလီကပင် ကြွေးမွေး
စောင့်ရှောက်ထားခဲ့ပါသည်။

ပစ်ဆော့သည် ၁၉၆၈ ခုနှစ်တွင် တည်ထောင်
ခဲ့သော ဒါလီပြတိုက်၏ ပူးတွဲ ဒီဇိုင်းပညာရှင်
ဖြစ်ပြီး ဒါလီကွယ်လွန်သည့်အခါ ၎င်းသည်
ထိုပြတိုက်၌ ဒါရိုက်တာ ဖြစ်လာပါသည်။

ပစ်ဆော့သည် ဒါလီ့အိမ်၌
နေထိုင်ရန် အစပြုခဲ့သည့်အချိန်မှာပင်
ပြဿနာက ပေါ်ပေါက်လာပါသည်။

ပန်းချီးရေးဆွဲရာ၌ စိတ်ကူးဉာဏ် ကွန့်မြူးမှုများ ဆုံးရှုံးလာသော ဒါလီ့ကိုယ်စား ပစ်ဆော့က
ပန်းချီကားတွေ ဆွဲပေးနေသည် ဆိုသော
ကောလာဟလတစ်ခု ဒါလီနှင့် နီးစပ်သူများ
(သို့မဟုတ် )အနီးကပ် အတူနေကြသူများ ကြား၌
ပြန့်နှံ့လာပြီး ဒါလီကလည်း ထိုကောလဟလများကို
မငြင်းဆိုခဲ့ပါချေ။

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now