အပိုင်း(၃၈) သီးသန့်လေလံပွဲ-၄

31 2 0
                                    

#(၃၈)သီးသန့်လေလံပွဲ(၄)
#38 ) Private Auction in the US-4
.......................................................................
ဟေးဂျင်တစ်ယောက် မကြာမကြာနှင့်အများဆုံး
အလည်ရောက်ဖူးသည့်နိုင်က ဘယ်နိုင်များ
ဖြစ်မလဲ..တရုပ်ပြည်ပဲပေါ့...
တရုပ်နိုင်ငံ​၏ ဒေသတစ်ခုစီသည် မတူညီသော
ယဉ်ကျေးမှု တစ်ခုစီရှိကြပြီး တရုပ်လူမျိုးတို့​၏
အရွယ်ပမာဏအပေါ်  စွဲလမ်းမှုဥပါဒါန်ကြောင့်
ဂူသင်္ခြုင်းများ​၏အရွယ်အစားနှင့် ၎င်းတို့အတွင်း
ထည့်သွင်းမြှပ်နှံသည့်ရှေးဟောင်းပစ္စည်းအရေ
အတွက်မှာ အတော်ကြီးကိုကြီးမားများပြားလှသည်။
သို့သော်တရုပ်ပြည်တွင်းရှိဒေသိယဘာသာစကား
အားလုံးကိုဟေးဂျင်တစ်ယောက်နားလယ်သည်လားဆိုတော့လည်း..အဲသလိုမျိုးမဟုတ်ပါ။သင်္ခြိုင်းဂူတူး
ဖေါ် ရေးနှင့်အကဲဖြတ်သုံးသပ်မှုတွင်လိုအပ်သည့်
ပညာရပ်ဆိုင်ရာအခေါ်အဝေါ် များ ၊ ဒေသိယစကားတစ်ခုခြင်းစီ​၏လေသံနှင့် အခြေခံဝါကျများလောက်သာနား
လည်ပါသည်။
ထို့ကြောင့် "ဝူ" ဒေသသုံးဒေသိယဘာသာစကားကို
ဟေးဂျင်နားလည်သည်မှာသဘာဝကျပါသည်။

ရှင်..သေချာလို့လား..

အွန်ဟေး..ကပ်ပြားကိုမြှောက်လိုက်တော့
လက်တွေက  မသိမသာလေးတုန်နေသည်။
ရှေ့ကတစ်ပွဲနှင့်မတူသည်က..ခေါ် ဈေးမြင့်
တက်နှုန်းမှာအလွန်ကြီးမြန်မနေလို့..ဒီတစ်ပွဲ
တော့ သူ..နိုင်တော့မယ်ဆိုတာကိုအွန်ဟေး
တစ်ယောက်ခံစားမိနေသည်။
ထိုသို့ဖြစ်ရခြင်းမှာ ရမ်းဘရန့်​၏ကားမှာ
အတုဆိုတာကိုလူတွေကြားသွား၍ဖြစ်သည်။
ထိုကားကိုအတုဖြစ်ကြောင်းဖေါ် ထုတ်လိုက်သူမှာ
ဟေးဂျင်ဖြစ်ကြောင်း..သူတို့ကြားသွားလို့တော့
မဟုတ်ပါ။သို့သော်..၎င်းတို့သည်တွမ်ကိတ်တင်း​၏
ကားအတုကဘာကြောင့်ဒီကိုရောက်လာလေသလဲဆိုတာသိချင်စိတ့်နှင့်သောကပွေနေကြသည် ။

​အာ..သေချာပါတယ်ဆို..

ပန်းချီကား​၏ဘယ်ဘက်ဒေါင့်စွန်းတွင်ပျက်စီး
နေသည့်အပိုင်းရှိကြောင်း..ဟေးဂျင် ပီပီသသ
ကြားလိုက်ရသည်။ပန်းချီကားများမှာမကြာခဏဆိုသလိုပျက်စီးလေ့ရှိတာမို့လို့ ရာစုနှစ်တစ်စုလောက်
အိုဟောင်းနေသည့်ပန်းချီကားကို ပကတိအကောင်းတိုင်းမျှော်လင့်နေသည်မှာ အလွန်အမင်းကြီးကိုတောင်းဆိုရာရောက်ပေသည်။

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now