အပိုင်း(၈၇)ဘားရို့ပန်းချီ အထူးပြပွဲ-၄

14 2 0
                                    

(၈၇)ဘာရို့ပန်းချီ အထူးပြပွဲ-၄
(87)Baroque Special Exhibition-4
...................................................................
Translated to mm by AKM(MyinGyan)
....................................................................
အိုး..အမတ်မင်းပါလား..ဒီရောက်နေတာကို
ကျမ..မသိလိုက်ဖူးရှင်..

ဘာတွေဖြစ်နေသည်ဆိုတာကို သဘောပေါက်
လိုက်သည့် မစ္စက်မင်စုက လူလုံးထွက်ပြလိုက်သည်။
သူမသည် အမတ်မင်း၏ သွားလမ်းကို
ပိတ်လိုက်လေသည်။ ဒါပေမယ့် ထိုလူက
တစ်ချက်ပြုံးလိုက်ကာ တဖက်သို့ လှည့်
ထွက်လိုက်သည်။

ထိုလူမှာ အသက်၅၀နှောင်းပိုင်း အရွယ်ရှိပြီး
ခမ်းဘူ..စီရင်စုရဲ့ လွတ်တော်ကိုယ်စားလှယ်
လောင်းအဖြစ် ငါးကြိမ်ဆက် အရွေးခံရ
သူဖြစ်ပါသည်။ နိုင်ငံရေးအကြောင်း သိပ်မသိသူ
ဟေးဂျင်ပင်လျှင် ထိုလူ့ကို သိနေပါသည်။

ကျုပ်က ဂယ်လာရီတစ်ခုဆီ ရောက်မှတော့
ပန်းချီကားတွေ ကြည့်ယုံပေါ့ဗျာ..ဟိုဟိုဒီဒီ
လျှောက်သွားပြီး လိုက်နှုတ်ဆက်စရာ
အကြောင်းမှ မရှိတာကိုဗျ..ဘာပဲဖြစ်ဖြစ်
ကျုပ်ဆီ ဖိတ်စာပို့လိုက်တဲ့အတွက်
အရမ်းကို ကျေးဇူးတင်တယ်ဗျာ..

ထိုလူက ငါသိပါတယ် ဆိုသည့် အပြုံးမျိုး
ပြုံးလိုက်လို့ မစ္စက်မင်စု ရဲ့ မျက်လုံးတွေ
လှုတ်ခတ်သွားသည်။

လူအများစုက မစ္စက်မင်စုရှေ့တွင်
ဤသို့သော အပြုအမူမျိုးကို
မလုပ်ရဲကြပါချေ..သို့သော် အတိုက်အခံပါတီမှ
ကိုယ်စားလှယ်လောင်း တစ်ယောက်ကို
ဆန်းဂျွန်ပင်လျှင် ရိုင်းရိုင်းပြပြ မဆက်ဆဲရဲပါချေ...

အမတ်မင်း..အရင်နှစ်ကတော့ မလာဘူးနော်..
အခုလည်း လာမယ်ဆိုတာ ကြိုအကြောင်း
ကြားထာရင် အမတ်မင်း သက်တောင့်သက်သာ
ကြည့်နိုင်အောင် ကျမတို့ ပြင်ဆင်ထားမှာပေါ့ရှင်..

အေးဗျာ..အခြေအနေအရ ဒီနေ့ လာချင်စိတ်ရှိ
တယ်လို့ပဲ ဆိုပါတော့..အခုတလော
အလုပ်တွေ အလွန် အများသားကလား..အဲဒါနဲ့
ခေါင်းဆေးရအောင် ထွက်လာခဲ့တာပဲဗျ..အခု
လိုကိစ္စမှာ မျက်မြင်သက်သေ ဖြစ်လိမ့်မယ်လို
တော့ မသိခဲ့ရပါဘူးဗျာ..

ထိုစဉ်မှာပင် အယ်လစ္စာက အလျော့မပေးသည့်
သဘောဖြင့် ကြားဖြတ်ပြောလာသည်။

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now