အပိုင်း(၂ ၅)လေလံအောင်သူ-၂

54 5 0
                                    

#အပိုင်း(၂၅)လေလံအောင်သူ (၂)
#25.Winner of the auction(2)
.......................................................................
မမှားသောရှေ့နေ..မသေသောဆေးသမား..လို့တောင်..အဆိုရှိသေးတာပဲ..ငါ့ရာဖြတ်က..တော်ပါတယ်..ဒါပေမယ့်တခါတရံ..သူလည်းအမှားလုပ်မိတာပဲဟ..အလုပ်သမားတစ်ယောက်တစ်ခါမှားတာ​
လေးကို..ငါ့အနေနဲ့တစ်သက်လုံး..စိတ်ဆိုးမနေနိုင်ဘူးဟဲ့...
ယာအေးရင်သည်..သူ့အနေဖြင့်အရောင်းအဝယ်လာဘ်မမြင်တက်သူဆို..အလွန်စိတ်ပျက်ဒေါသထွက်
မိကြောင်း..အွန်ဟေးကိုပြောခဲ့​ခြင်း
ဖြစ်သည်။
သို့သော်..အခုတော့..သူ့ရာဖြတ်အပေါ်အပြစ်ဆို
နေပြန်သည်။ထိုသို့အပြောခံရသူမှာ..ဟေးဂျင်သာဆိုလျှင်..အခန်းထဲကထွက်သွားလောက်ပေပြီ..
သို့သော်..ထိုလူလတ်ပိုင်းအရွယ်ရာဖြတ်ဖြစ်သူ
မှာမူ..ဘာမှမကြားခဲ့လေဟန်ပင်..နည်းနည်း
လေးမှကိုမတုန်လှုပ်ချေ..
ထိုသို့ဖြစ်ရခြင်းမှာ..သူ့မိသားစုအပေါ် ပံ့ပိုးထောက့်
ပံ့ရသူ..ယောက်ျားတစ်ယောက်၏တာဝန်ပေပဲလား..
ဒါမှမဟုတ်..သူဌေးမိသားစုအပေါ် သစ္စာရှိ
တာမျိုးပေပဲလား..မသိနိုင်ပေ...

အွန်ဟေးသည်..ယာအေးရင်၏ပေါက်ကရစကားများကိုလစ်လျှူရှူလိုက်ပြီး..ဟေးဂျင်ကိုကြည့်လိုက်သည်။..သဘောကဘာဆက်လုပ်ရမလဲလို့
မေးလိုက်ခြင်းပင်...
အချိန်အနည်းငယ်သာကျန်တော့လို့..ဟေးဂျင်သည်
ယာအေးရင်လိုချင်သည့်လော့နံပတ်..၇၂..၇၉..တို့ကို
အရင်ကြည့်လိုက်သည်။
လော့နံပတ်.. ၇၂..မှာ..တရုတ်ပြည်"ချင်"ခေတ်က..
ကျောက် မှင်ခွက်တစ်ခုဖြစ်ပြီး..လော့နံပတ်..၇၉..မှာ..
ချေယောင်စင်းရေးဆွဲထားသည့်ပန်းချီကား..၁၀-ကါး
ဖြင့်စီကုံးဖွဲ့စည်းထားသည့်..မူရွီတောင်ကိုးလုံး..
ခေါက်လိုက်ကာတစ်ခုဖြစ်သည်။

ချေယောင်စင်းမှာပုံတူရေးဆွဲရာ၌..ထူးချွန်သူ
တစ်ယောက်ဖြစ်ပြီး..သူ..ရေးဆွဲသည့်..
ဂိုဂျောင်ဘုရင်ကြီး၏..ပုံတူမှာကျော်ကြားလှသည့်
အ​​ပြင်.. တောတောင်ရေမြေရှုခင်းများရေးဆွဲရာ၌လည်း..လက်ရာမြောက်လှသည်။သူ၏.
.မူရွီတောင်ကိုးလုံးပန်းချီကားမှာ..အခြားသူတွေရေးဆွဲ
သည့်..မူရွီတောင်ကိုးလုံးရေးဟန်နှင့်မတူ..တမူထူးခြားလှသည်။ထိုကားမှာ..ရာသီအလိုက်ပြောင်းလဲသွားသည့်
ရှုခင်းများနှင့်အပြည့်ဖြစ်နေ၍..နေရာလွတ်ပင်
မကျန်သလောက်ပင်။လိုက်ကာ..၁၀ခန်းလုံးတွင်လည်း..လူပုံအများအပြားရေးဆွဲထားသည်။

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now