အပိုင်း(၂၁)ပန်းချီကားနှစ်ချပ်-၂

66 4 0
                                    

အပိုင်းအပိုင်း(၂၁)ပန်းချီကားနှစ်ချပ်-၂
21.two painting -2
,.................................................................

ဟာ...ဖြေးဖြေးလုပ်...​ဖြေးဖြေး.. ပျက်စီးသွားဦးမယ်...လို့..
ဆုဂျောင်းဆွဲထုတ်လိုက်သည့်ပန်းချီကား
ကိုတွေ့တော့ ​ဗြောင်ဂွတ်က..ထို့သို့ပြောလိုက်သည်။
ပန်းချီကားသည်..မှေးမှိန်..စွန်းထင်း..စုတ်ပျက်နေပါပြီ.....အလွန်အိုဟောင်းလှသည့်ပန်းချီကား
တစ်ချပ်ပင်တည်း။

ကဲ..ဘယ်လိုထင်ကြတုံး..
ဆုဂျောင်းသည်..ပန်းချီကားကို..ဆွဲဖြန့်၍
ကလစ်များဖြင့်..ဂရုတစိုက်ညှပ်ပြီး ပန်းချီကားကို
ကြည့်လျှက်ကပင်မေးလိုက်သည်။ထိုပန်းချီကားမှာ
မြို့ကြီးပြကြီးနှင့် မလှမ်းမကမ်းရှိ အပန်းဖြေထွက်ရာ...တိတ်ဆိတ်အေးချမ်းသည့် ကျေးလက်တောရွာ
ကလေးတစ်ရွာပုံ..သရုပ်ဖေါ်ထားသည့်...ပန်းချီကား
တစ်ချပ်ဖြစ်ပြီး..ပုံထဲတွင်..လူတစ်ယောက်နှင့်
နွားတစ်ကောင်ထက်တွင်..ပုလွေမှုတ်နေသော
လူငယ်လေးတစ်ယောက်ပုံ..ဆွဲထားခြင်းဖြစ်သည်။

နင်က..ငါ့ကိုရာဖြတ်ခိုင်းနေတာလား...

အေးလေ..ငါက..အနောက်တိုင်းပန်းချီအကြောင်းပဲ
လေ့လာထားကို..အရှေ့တိုင်းကပန်းချီတွေအကြောင်း
သိပ်မသိဘူးဟ...ဒီပန်းချီကားက..
ကားကောင်းတစ်ခုလို့ထင်မိပေ
မယ့်..တပ်အပ်သေချာတော့ ..မသိဘူး...နင့်အမြင်ကဘယ်လိုလဲ...

ဟမ်း..ပန်းချီကားက..အသက်ဝင်သားပဲ..စုတ်ချက်တိုင်းကိုလည်းအသေးစိတ်ချယ်မှုန်းထားတယ်ဟ..
ဒီမှာကြည့်...မျက်လုံးတွေကြ..ဆွဲထားတာမတူဘူး...
ပန်းချီဆရာက..ငေးကြည့်နေဟန်ကိုပေါ်အောင်.. သိသိသာသာ..ဂရုတစိုက်ဆွဲထားတာပဲ..သူမြင်တာကို
အတိအကျပြန်ပုံဖေါ်ထားပုံရတယ်..အဖေနဲ့သားရဲ့
ကောက်ကြောင်းတွေရေးဟန်ကလည်း..မတူ​ပြန်ဘူး...လူပုံတွေကိုအာရုံစိုက်စေချင်လို့..နောက်ခံရှုခင်းကို..သာမန်ပဲရေးချယ်ထားတယ်..ပန်းချီကားက..
ကျေးလက်အငွေ့အသက်ပါတယ်...ဒါပေမယ့်
ထူလဗြစ်ကြီးတော့လည်းမဟုတ်ဖူး..နွေးထွေးရုံ
လောက်လေးပဲဟ..

အဲဒါဆို..နင့်...ကောက်ချက်က...
ပန်းချီကားတွင်..လက် မှတ်ရော..အမည်စာသားပါ
မပါလို့..ပန်းချီဆရာဘယ်သူဆိုတာသိရဖို့..
ဟေးဂျင်မှာ..ပန်းချီရေးဟန်တစ်ခုကိုသာကြည့်ပြီး
အဖြေထုတ်ရဖို့သာရှိတော့သည်။

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now