အပိုင်း(၄၈) ကောက်ရီုးပုံထဲက အပ်-၂

35 2 1
                                    

#၄၈) ကောက်ရိုးပုံအောက်အပ်ရှာခြင်း(၂)
#48) Needle in a Haystack-2
....................................................................
ဟောင်ကောင်ကိုလား..
အေး..ဟုတ်တယ်..အဲဒိမှာ..ဒါဖန် လို့ခေါ်တဲ့ဒေသ
တစ်ခုရှိတယ်..ဟောင်ကောင်နဲ့ သိပ်မဝေးဘူး..
မောင်ရင်..အဲဒါကိုကြားဖူးလား..
ဟားဟား..ကျနော်..အဲဒိနေရာကိုမှ မသိရင်
ဒီရာဖြတ်အလုပ်ကို လုပ်စားမနေတော့ဘူးဗျာ..

ကျန်းဒန်ရှန့် ဒေသသည် တရုပ်ပြည်၏ အကြီးဆုံး
ကြွေထည်ထုတ်လုပ်မှုဒေသ ဖြစ်ခဲ့ပါလျှင် အဆိုပါ
ဒါဖန် အရပ်သည်လည်း ဆီဆေးပန်းချီကား
အကြီးအကျယ် ထုတ်လုပ်ရာ ဒေသဖြစ်ပါသည်။

ကမ္ဘာ့ဆီဆေးပန်ချီကားဈေးကွက်၏ ၆၀ ရာခိုင်နှုန်း
ကျော်သည် ဒန်ဖန်ဒေသမှ ထုတ်လုပ်တာဖြစ်ပြီး
ထို ထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းကျော်မှာ
ပန်းချီကား အတုများ ဖြစ်ကြပါသည်။

ထိုဒေသ၌ နေထိုင်သူများသည် ပန်းချီကားများကို
ခိုးကြောင်ခိုးဝှက် ရောင်းချပြီး ချမ်းသာကြွယ်ဝ
လာစေရန် ရည်ရွယ်ပြီး အတုများ ဖန်တီးနေကြခြင်း
မဟုတ်ပါချေ။ (အတုများဖန်တီးပြီး ငွေရှာချင်သူ
တစ်ချို့တလေတော့ ရှိပါသေးသည်)
၎င်းတို့သည် ထိုဒေသတွင် နေထိုင်ကာ
အနုသုခုမပညာကို လေ့လာသင်ယူရင်း
ပန်းချီကားအတုများကို လေ့ကျင့်ရေးဆွဲကြခြင်း
ဖြစ်ပြီး အသက်မွေးဝမ်းကြောင်း အတွက်
ထိုလေ့ကျင့်ရေးဆွဲထားသော ပန်ချီကားများကို
ပြန်လည်ရောင်းချ ကြခြင်းသာဖြစ်ပါသည်။

ထို့ကြောင့် ထိုပန်းချီကားအတုမျာသည်
အရည်အသွေး အမျိုးမျိုးနှင့် ပေါ်ထွက်လာခြင်း
ဖြစ်သည်။ တစ်ချို့ကားတွေက သာမန်
မျက်လုံးများ၏ အမြင်မှာပင် ကွာခြားချက်ရှိ
နေသည့် အကြမ်းထည်များဖြစ်ပြီး တစ်ချို့ကား
တွေကတော့ တကယ့်ပန်းချီကား အစစ်နှင့်ခွဲခြား
ပြောဖို့ ခက်လှသည့် အံ့မခန်း လက်ရာများ
ဖြစ်ပါသည်။

ဒီ..စီးပွါးရေးလုပ်ငန်းကပ်က ဟောင်ကောင်မှာ
အလွန်လူသိများတဲ့ အနုပညာပစ္စည်း ဝယ်ရောင်းသမားတစ်ဦး ပိုင်တဲ့ကပ်ပဲ..ဟောင်ကောင်မှာ ရှိတဲ့
အနုပညာလက်ရာတစ်ဝက်က သူ့လက်ကထွက်
တာတွေချည်းပဲ..အများစုကတော့ အတုတွေပေါ့
ဒါပေမယ့်..အစစ်တွေလည်း နည်းနည်းပါးပါး
ပါတယ်..
ဒါဆို..လူကြီးမင်းက ကျနော့်ကို အစစ်တစ်ကား
ရှာခိုင်းပြီး..ဝယ်မလို့ပေါ့..

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now