အပိုင်း(၂၈)ရတနာသင်္ဘောမှရှေးဟောင်းပစ္စည်း-၂

49 5 0
                                    

#အပိုင်း(၂၈)ရတနာသင်္ဘောမှရှေးဟောင်းပစ္စည်း (၂)
#28.Artifact of treasure Ship(2)
.......................................................................
ဟုတ်ပါတယ်..ဆိုင်နန်အနီးမှာမြုတ်သွားတဲ့
ကြွေထည်တွေထဲကတစ်ခုပါ..
ဆရာ..ရာဖြတ်ပေးမလားခင်ဗျာ....။

တရုတ်ရှေးဟောင်းပစ္စည်းအမြောက်အများ
ကိုရီးယားသို့ ဥပဒေနှင့်အညီတရားဝင်
လမ်းကြောင်းမှဝင်လာနိုင်သည့်တစ်ခုတည်း
သောနည်းမှာ..ဆိုင်နန်အနီးပင်လယ်ပြင်တွင်
နှစ်မြုတ်သွားသည့်သင်္ဘောပေါ်မှဆယ်ယူ
ရရှိသည့်ရှေးဟောင်းပစ္စည်းများသာရှိပါသည်။
ဟေးဂျင်တစ်ယောက်အမှန်တကယ်ပင်
စိတ်ဝင်စားမိပါသည်။

ကောင်းပြီလေ..ကျုပ်..ရာဖြတ်ပေးမယ်...
ဒါဆိုရင်..မနက်ဖန်..၁၀..နာရီလောက်..ဟီတန်
ဟော်တယ်ကိုလာနိုင်မလားခင်ဗျာ..အဒိမှာ
ရာဖြတ်ပေးရမှာပါ..

ကောင်းပါပြီ..မနက်ဖန်မှတွေ့ကြတာပေါ့..
ဟေးဂျင်သည်..ကျန်သည့်ညပိုင်းအချိန်များကို
ပျင်းရိညီးငွေ့စွာဖြတ်သန်းပြီးနောက်..
အနီးအပါးရှိစားသောက်ဆိုင်တစ်ခုတွင်နံနက်စာ..
စားနေစဉ်ဗြောင်ဂွတ်ဆီက
ဖုန်းဝင်လာသည်။သူကဟေးဂျင်အခုအလုပ်
မများဘူးဆိုရင်လာခဲ့ပါလားလို့ပြောလာ၍.
.​.နံနက်စာစားပြီးသည့်အခါ
အင်ဆာဒုံသို့..တန်းထွက်လာခဲ့လိုက်သည်။

ဟေး..အွန်ဟေးက..ပန်းချီကားကိုဝယ်သွား
ပြီကွ..
ဗြောင်ဂွတ်အပြုံးမှာနားရွက်ချိတ်နေ၍
သူ..ထိုပန်းချီကားကို..၁.၃..ဘီဘီယံဖြင့်ရောင်း
လိုက်ရဟန်တူသည်။
အွန်ဟေးပြောတာမနက်ဖန်မှပါ..သူကတောင်
ဦးလေးကိုပြေားပေးခိုင်းနေသေးတယ်...
၁.၃..ဘီလီယံနဲ့ဈေးပြတ်သွားတာလား..ဦးလေး..

သူက..အဲသလောက် မတက်နိုင်ဘူးဆိုပြီး
၁.၁..ဘီလီလီယံကမ်းလှမ်းတယ်ကွ..
ပြီးတော့..ပန်းချီကားပြုပြင်ထိန်းသိမ်းပုံ
မှတ်တမ်းဓါတ်ပုံတွေလည်းလိုချင်တယ်ပြော
တယ်..

အံ့ဩစရာပင်..
အိုး..သူက..ဈေးညှိတဲ့ဘက် မှာ
မချွန်ဘူးလို့ထင်ရပေမယ့်..အဲသလို
မဟုတ်ဖူးပဲကို..

အေး..သူက..ခပ်ထုံထုံဖြစ်ဟန်ရှိပေမယ့်
အရောင်းအဝယ်ဈေးစကား..စပြောကြတယ်
ဆိုရင်ပဲ..ဈေးအပေးခိုင်လွန်းလှတယ်ဟေ့..
အဲဒါကြောင့်..ငါက..နည်းနည်းလျော့ပေးဖို့
သဘောတူလိုက်တာကွ..
သို့သော်..ဆုဂျောင်းကနှုတ်ခမ်းစူလျှက်
ဝင်ပြောလာသည်...
အဖေကလျော့မပေးပါဘူးနော်..ကျမက.
၁.၁ဘီလီယံဆိုလက်ခံလိုက်ဖို့ပြောတုံးကတောင်..သူက..၁.၃..ဘီလီယံရမှရောင်း
မယ်ဆိုပြီးတင်းခံနေတာ..ပန်းချီကားက..
သူ့နဂိုမူလအခြေအနေရောက်အောင်
အပြည့်အဝထိန်းသိမ်းနိုင်ခဲ့တာမဟုတ်လို့
ကျမက..၁..ဘီလီယံလောက်ပဲမှန်းထားတာ..
ဒါကို..၁.၃..ဘီလီယံနဲ့ဝယ်ရမယ်ဆို..
အွန်ဟေးအတွက် နှစ်နာ​ တယ် လို့ခံစာ​မိ တာနဲ့လေ..
ကျမကအဖေ့ကိုကမ်းလှမ်းတဲ့အတိုင်းလက်ခံဖို့
ပြောတာနဲ့ပဲ..စူစောင့်ပြီး.မကျေမနပ်ပြောဆို
နေလိုက်တာများ..အလွန်ပါပဲ..

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now