အပိုင်း(၉၃)ဖခင်ချန်ထားခဲ့သည့် ရှေးဟောင်းပစ္စည်းများ-၁

19 2 1
                                    

(၉၃) ဖခင်ချန်ခဲ့သည့် ရှေးဟောင်းပစ္စည်းများ-၁
(93)Artifacts the Father left-1
...................................................................
Translated to mm by AKM(MyinGyan)
....................................................................
နောက်တစ်နေ့၌ ဟေးဂျင်သည် သူ့ပြတိုက်သို့
အွန်ဟေးရောက်သည့် အချိန်လောက်မှာပင်
ရောက်သွားသည်။ သူသည်  သူမအား ပြတိုက်လုပ်
ငန်းများ စီမံအုပ်ချုပ်မည့် ပုဂ္ဂိုလ်အဖြစ် သူ့ရုံးအဖွဲ့
ဝင်များနှင့် မိတ်ဆက်ပေးလိုက်သည်။

ရုပ်ရှင်မင်းသမီး ဖြစ်လောက်အောင် ချောမောလှပ
ငယ်ရွယ်သူ တစ်ယောက်ကို သူတို့ဘော့စ်အဖြစ်
မိတ်ဆက်ပေးလိုက်တော့ ရုံးအဖွဲ့ဝင်များသည်
အတော်ကြီးကို နားမလည်နိုင်အောင် ဖြစ်သွားကြ
သည်။ သို့ပေမယ် သူမသည် လတ်တလော
မတိုင်ခင် အချိန်ထိ ဆေးယွန်ဂယ်လာရီ ပိုင်ရှင်
ဖြစ်ကြောင်း ဟေးဂျင်က ပြောပြလိုက်သည့်
အခါမှာတော့ သူတို့သည် သူမအား အလျှင်အမြန်ပင် လက်ခံလိုက်ကြသည်။

အွန်ဟေးကို သိနေသည့် ပြတိုက်မှူး လီဂျီဆုကတော့
သူထမ်းထားရသည့် အလုပ် ဝန်ထုပ်ဝန်ပိုးတွေ
အလွန်အမင်း လျော့နည်းသွားသည့်အတွက်
ဝမ်းသာအဲလယ်ဖြစ်နေသည်။

အရင်က ခင်ဗျားရဲ့ ရုံးခန်းထက်စာရင်တော့
သေးနေမှာဘဲ..ဟုတ်တယ်မဟုတ်လားဗျ..

သူတို့သည် ရုံးအဖွဲ့ဝင်များနှင့် ပြောနေသည့်
စကားစကို လက်စသတ်လိုက်ပြီး ရုံးခန်းထဲ
ဝင်ခဲ့ကြသည်။ ရုံးခန်းမှာ ဟေးဂျင်သုံးနေသည့်
ရုံးခန်းပင်..ဒါပေမယ့် ထိုရုံးခန်းအား အွန်ဟေးကို
ပေးမယ်လို့ သူ..သဘောတူထား၍ အခုတော့
အွန်ဟေး ရုံးခန်းဖြစ်နေပေပြီ။

အင်း..နွေးထွေးပြီး သက်တောင့် သက်သာ
ရှိသားပဲ.. ဒီရုံးခန်းလေးကို..ကျမ..
ပိုတောင် သဘောကျသွားပြီ ..ဒါနဲ့...ရှင်က..
ကျမကို..ရှင့်ရုံးခန်းပေးထားတော့..ဘာလဲ..
ရှင်..ပြတိုက်ကို မလာတော့ဘူးဆိုတဲ့
အဓိပ္ပါယ်လား..

အင်း..တစ်ခါတစ်လေမှသာ လာတော့မယ်လို့
ပြောတာ ပိုမှန်မယ်ထင်တယ်..ဟား .. ဟား..

ဟေးဂျင်ဘဝ၌ ပုံမှန်အလုပ်ချိန်ထား လုပ်ရသည့်
အလုပ်မျိုး တစ်ခါမှ မရှိခဲ့ဘူး၍ သူ့အနေဖြင့်
တစ်နေရာတည်းမှာ အချိန်အကြာကြီး ထိုင်လုပ်ရ
သည်ကို သဘောမကျပါချေ...ထို့ကြောင့်
ထိုနေရာမျိုး၌ အွန်ဟေးကို သူ့ကိုယ်စား
ထားရသည်ကို သူ..သဘောကျမိပါသည်။
သို့ပေမယ့် အွန်ဟေးက ထိုအချက်ကို
ထောက်ပြလိုက်သည့်အခါမှာတော့
ဟေးဂျင်သည် မလုံမလဲပြုံးလိုက်ကာ
မျက်နှာလွှဲလိုက်လေသည်။

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now