အပိုင်း(၄၃) တူးဖော်ခြင်း၊စုဆောင်းခြင်း-၂

38 6 1
                                    

#၄၃ တူးဖော်ခြင်း ၊စုဆောင်းခြင်း(၂)
#43) Excavating and Colletcting- 2
....................................................................
ဟေးချွယ်တစ်ယောက် ထိုကိစ္စကို တွေးကြည့်လိုက်သည်။ ထို့နောက် ပြန်ထိုင် ချလိုက်ပြီး..
မျက်လုံးတစ်ဖက်ကို မှေး၍ မေးလိုက်သည်။
ဒါနဲ့..အဲ့ဒိဥစ္စာက သမုဒ္ဒရာအောက်ကလို့
မောင်ရင်က ဘယ်လိုလုပ် သိလာတာတုံး..

ဆုဂျောင်းပေါ့..
အဲ..ကျနော် ဆိုလိုတာက..ကျနော့် သူငယ်ချင်းဆီ
ပြုပြင်ထိန်းသိမ်းဖို့ ခင်ဗျား ပို့ထားတဲ့ ဆယ်လာ
ဒွန်လေ..သူက..အဲဒိပစ္စည်းကို သန့်စင်ဖို့ ကပ်ငြိ
ပါဝင်နေတဲ့အရာတွေကို စိစစ်ချက်လုပ်ရတယ်ဗျ..
ပြီးတော့မှ ဟိုက်ဒြိုကလိုရစ်အက်စစ်နည်းလမ်းနဲ့
ခွဲထုတ်လိုက်တော့မှ ကပ်ငြိနေတဲ့ အစိတ်အပိုင်းတွေ
ထွက်လာတာပေါ့ဗျာ..

ဆုဂျောင်းဆီမှာ ထိုကိရိယာမျိုးရှိ မရှိ ဟေးဂျင်မသိပါချေ..ဟေးချွယ်အဖို့လည်း..သူပြောသမျှ ယုံလိုက်
လိုက်ရုံကလွဲလို့ အခြားနည်းလမ်းမရှိပါချေ။

ဟိုက်ဒြိုကလိုရစ်အက်စစ်..ဟုတ်လား..

ဟုတ်ကဲ့..ရေအောက်က ကြွေထည်တွေဆိုတာ
အနှေးနဲ့အမြန်ဆိုသလို ခုံးကောင်တွေ ခရုတွေက
သူ့အလိုလိုကို လာပြီးကပ်ငြိတက်ကြတာ
မဟုတ်လား..
အဲဒါတွေက ဟိုက်ဒြိုကလိုရစ် အက်စစ်နဲ့တွေ့တော့
အရည်ပျော်ကုန်တာပေါ့..ပြီးမှ အက်ထရာဆိုးနစ်
အသံလှိုင်းနဲ့ အညစ်အကြေးတွေကို ဖယ်ရှားရတာ
ပဲဗျ..အဲဒိတော့မှ ကြွေထည်တွေက အနုဇီဝ
ပိုးမွှားတွေ အမှိုက်သရိုက် အညစ်အကြေးတွေ
ကင်းစင်သွားပြီး..သူ့နဂိုမူလ တောက်ပမှုကို
ပြန်ရလာတာဘဲဗျ...

ဪ..ဪ...

အဲဒါကြောင့် သမုဒ္ဒရာအောက်က ဆယ်ရတဲ့
ရှေးဟောင်းပစ္စည်းတွေဟာ..အမျိုးမျိုးသော
ဓာတုပစ္စည်းအကြွင်းအကျန်တွေ ပါရှိတက်ကြ
သလို..အဲဒါတွေကိုလည်း အလွယ်တကူ ဖယ်ထုတ်
နိုင်တယ်ဗျ..
အင်း..ကောင်းပါပြီ..အဲဒိဆယ်လာဒွန်က တေးအန်
ကမ်းခြေက ထွက်လာတယ်ပဲ ဆိုကြပါစို့..ဒါနဲ့အဲဒါ
တွေရဲ့ တည်နေရာကိုရော..မောင်ရင် ဘယ်လိုလုပ်
ရှာမလဲ...ရှာရော ရှာနိုင်ရဲ့လား...

တကယ်တော့..ထိုအချက်မှာ အရေးအကြီးဆုံး
အပိုင်းဖြစ်ပါသည်။ ဟေးဂျင်အနေဖြင့် သူ့ကို
ဟေးချွယ် ယုံအောင်လုပ်နိုင်မှသာ သူ့ကြံရွယ်
ချက်တွေ အထမြောက်ပေမည်။

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now