အပိုင်း(၇) အလုပ်သစ်(၁)

118 7 0
                                    

အပိုင်း(၇)
6)"Artifact Reading Inspector"
Author: YOUNGWAN
Translated by AKM
Source: Webnovel app
#ရှေးဟောင်းပစ္စည်းမှော်သခင်
..............................................
7.New Work(1)
အပိုင်း(၇)အလုပ်သစ်(၁)
,.............................,...............
မှော်ပညာကိုအသုံးပြုတော့မယ်ဆိုလျှင်
ပထမဆုံး ဟေးဂျင်လုပ်ရမည့်အရာမှာ
သူမန်းမှုတ်လိုသောဂါထာမန္တန်ပေါ်မူတည်၍
အင်းကွက်ကိုလက်နှင့်ဆွဲလိုက်ပြီးမှ ဂါထာ
မန္တန်ကိုရွတ်ရသည်။ထိုအခါ သူ့ကိုယ်ထဲကစွမ်းအင်တွေထွက်လာပြီး
မှော်မန္တန်လည်းအသက်ဝင်လာသည်။
အခု...ဟေးဂျင်မန်းမှုတ်လိုက်သည့်မန္တန်က
အရာဝတ္ထုတွေရဲ့နောက်ကြောင်းမှတ်တမ်းကိုဖေါ်ပြသည့်မန္တန်ပင်။သူကြည့်လိုသည့်ခေတ်ကာလကိုပင်
ရွေးနိုင်သေးသည်။

ကျောက်စိမ်းဗုဒ္ဓရုပ်ပွားတော်၏ပထမဦးဆုံးထုလုပ်
သည့်‌ခေတ်ကာလကို ဟေးဂျင်ရွေးလိုက်သည့်ခဏမှာပင် ထိုခေတ်ကာလကမြင်ကွင်းများသည် ဟေးဂျင်စိတ်မှာ
ဓါတ်ပုံပမာ ပေါ်လာသည်။

မင်းက..အ ‌တော်လေးကို စိတ်ကြီးဝင်နေ
တဲ့ကောင်ပါလား...မင်း..ဘယ်သူလည်းဆိုတာတော့
ငါမသိဘူး..ဒါပေမယ့်..
အဓိပ္ပါယ်မရှိတဲ့စကားတွေကို
လက်လွတ်စပါယ်မပြောပါနဲ့ကွ..

အဓိပ္ပါယ်မရှိတဲ့စကားတွေပြောတာက ...
ကျုပ်မဟုတ်ဘူးဗျ...ခင်ဗျားပါ
အထူးသဖြင့် ဒီလိုအဖိုးမဖြတ်နိုင်တဲ့
ရုပ်ထုရှေ့မှာပေါ့...လို့ ဟေးဂျင်က ပြန်ပြောလိုက်သည်။

အသက်၈၀အရွယ်အဖိုးကြီပမာ
ဟေးဂျင်ခြေထောက်များက တုန်နေပြီး
ခေါင်းကလည်း ကိုက်ခဲနေသည်။ဒါသည်
ဟေးဂျင်ကိုယ်ထဲရှိ‌မှော်အစွမ်းတွေထွက်သွားအပြီး ဖြစ်လာသည့် နောက်ဆက် တွဲ
လက္ခဏာပင်။
ထို့ကြောင့်ပင် ဘာမှမဖြစ်လေဟန်
ပေါ့ပေါ့ပါးပါး စကားပြောထွက်ဖို့ သူ့ရှိသမျှအား‌တွေသုံး‌နေရသည်။

ဘယ်လိုအကြောင်းပြချက်များ..ရှိလို့လဲ....ဟင်..လို့... အွန်ဟေးက မျှော်လင့်
တကြီးမေးလာသည်။
ဒါ...သာမန်ကျောက်စိမ်းရုပ်ပွား‌တော်
သက်သက်မဟုတ်ဖူး...လို့ ဟေးဂျင်က သူမ..မျက်နှာကို
ကြည့်ပြီးပြောလိုက်သည်။

ဟ...ဟ..ရှင်က အတော်ရီစရာကောင်းပါလား..ဒါဆို...ဘာများလဲ...ပြောစမ်းပါဦး...လို့ ရန်ပွဲစခဲ့သည့်အမျိုးသမီးက..ဝင်‌လှောင်သည်။

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now