အပိုင်း(၄၁) အဲရစ်ဟော်တန်၏စုဆောင်းမှုများ-၃

42 7 4
                                    

#(၄၁)အဲရစ်ဟော်တန်​၏စုဆောင်းမှုများ(၃)
#41) Eric Holtan's Collection- 3
......................................................................
ခင်ဗျား...ဘာကိုဆိုလိုတာလဲဗျ..ကျနော်က
အဲကားကို အတုလို့ထင်နေတယ်လို့ ပြောချင်တာလား..

ခင်ဗျား အဲ့သလိုမထင်ဘူးဆိုရင်တော့ အဲဒါက
ထူးဆန်းတာပဲဗျ..ကျန်တဲ့ပန်းချီကားအားလုံးကို
တော့ နံရံပေါ်မှာချိတ်ဆွဲထားပြီး တစ်ခုခြင်းစီကို
လည်းအလင်းရောင်ကိုယ်စီဆင်ပေးထားတဲ့ဟာကို။
ဒီတစ်ကားတစ်ကားကိုသာ နံရံမှီပြီး ကြမ်းပေါ်
ချထားတာ ထူးဆန်းမနေဘူးလား..

အဲရစ်က ပန်းချီကားကို  ကြည့်ပြီးနောက်ပြန်ဖြေသည်။
အာ..အဲဒါက..ကျနော်အဲဒိကားကို သဘောမကျလို့
ဖြစ်မှာပေါ့..ဒါမှမဟုတ်..တစ်ခြားတစ်နေရာမှာ
ချိတ်ဖို့ အောက်ချထားတာလဲ ..ဖြစ်နိုင်တာပဲလေဗျာ။

ဟားဟား..ရိုးသားစမ်းပါဗျာ..ခင်ဗျား..အဲ့ကားကို
အီယာရီပင့် လက်ရာလို့...မထင်လို့မဟုတ်လား..
ဟုတ်တယ်မဟုတ်လား..

အီယာရီပင်..ဆိုသူမှာ..ရုရှားနိုင်ငံရှိ အတော်ဆုံး
သရုပ်မှန်ဝါဒီ အနုပညာရှင် တစ်ဦးဖြစ်ပြီး ရုရှား
အင်ပါယာ၏ လူမှုဆိုင်ရာဆိုးဝါး ရက်စက်မှုများနှင့်
စနစ်တကျ အအတိုက်အခံပြုမှုများကို အမြဲလို
ဝေဖန်တက်သူ တစ်ဦးဖြစ်သည့် အားလျှော်စွာပင်
ထိုဝေဖန်ရေး သဘောတရားများကို သူ့ပန်းချီကားများကတစ်ဆင့်တက်ကြွစွာဖေါ်ပြတက်သူဖြစ်ပါသည်။

နံရံကိုမှီထောင်ထားသော ၎င်းပန်းချီကားမှာ
အီလီယာရီပင် ရေးဆွဲသည့် မြို့စားချုပ်သခင်
မကြီး..ဆိုဖီရာအယ်လက်စီရပ်ဗ်နာ၏ ပုံတူဖြစ်
ပါသည်။
သူမသည် မယာပီတာဘုရင်ကြီး၏ အမတော်ဖြစ်ပြီး
ပီတာဘုရင်ငယ်စဉ်က ရုရှားပြည်ကြီးအား
ရင်ခွင်ပိုက်အုပ်ထိန်းရသူ ဘုရင်မအဖြစ် ခုနှစ်ခန့်
အုပ်စိုးခဲ့ရသူဖြစ်ပြီး သူမကိုယ်တိုင် ဇာဘုရင်အဖြစ်
နန်းစံချင်ခဲ့သူဖြစ်ပါသည်။ သို့သော် သူမသည်
မဟာပီတာဘုရင်ကြီးနှင့် သူ၏နောက်လိုက်နောက်ပါများအားရှုံးနိမ့်သွားပြီနောက်တွင် သူမကို
နိုဗိုဒီဗစ်ချ် ကွန်ဗင့်ဘုရားကျောင်၌ ၁၅ နှစ်ခန့်
တိုက်ပိတ် ခံခဲ့ရသူဖြစ်ပါသည်။
သူမ ..မသေခင် သူမအပေါ် စွဲဆိုချက်များနှင့်
သူမ၏အစောင့်စစ်သား ၁၇၀၀ ..အသတ်ခံရပုံကို
မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရသည်။ ထို့ပြင် ပန်းချီကားထဲရှိ ပြူတင်းပေါက်အပြင်ဘက်တွင်
တွေ့ရသည့်ကြိုးဆွဲချခံရသည့် ဦခေါင်းပုံမှာ
ကြိုးပေးခံရသည့်အစောင့်စစ်သားများထဲမှ
တစ်ဦးပင်ဖြစ်ပါသည်။
မြို့စားချုပ်သခင်မကြီးသည်..ပုလဲလည်ဆွဲ..
လက်ဝတ်ရတနာများနှင့် ခမ်းနားလှသည့်
ပိုးဖဲကတီပါများ ဝတ်ဆင်ထားသော်လည်း
ဘာ့ကြောင့်များ သူမမျက်နှာက ဒေါသအမျက်
ထွက်နေရသလဲဆိုတာကို ထိုအဖြစ်အပျက်များက
ပြောပြနေလေသည်။

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now